အခန်း ၁၃၇: ဖြစ်ရပ်မှန်ကိုအခြေခံထားသည်

2.2K 406 10
                                    

{Unicode}

အခန်း ၁၃၇: ဖြစ်ရပ်မှန်ကိုအခြေခံထားသည်

မနက်ခင်း၊ ရိုက်ကွင်းအပြင်ဘက်တွင်။

"ဒကာလေး!" ဘယ်ကနေပေါ်လာမှန်းမသိဘဲ ဘုန်းကြီးတစ်ပါးက ဒါရိုက်တာချန်ရဲ့အရှေ့ကို ရောက်လာတယ်။ "ဘုန်းဘုန်းညတုန်းက နက္ခတ်ကြည့်နေတဲ့အချိန် ဒကာလေးတို့ရဲ့ရိုက်ကွင်းအနားမှာ သွေးချောင်းစီးတဲ့ အတိတ်နိမိတ်ကို မြင်လိုက်ရတယ်၊ နာနာဘာဝတစ်ကောင်ကောင်က ပြဿနာရှာနေတာပဲ ဖြစ်ရမယ်! တရားရေချမ်းပက်ဖျန်းပေးဖို့အတွက် ယွမ်၈၀၀ပဲကျမှာ..."

"သွား၊ သွား၊ သွား၊ ဘေးမှာရွှံ့နဲ့သွားကစားနေ" တာအိုဘုန်းတော်ကြီးတစ်ယောက်က ခုနကဘုန်းကြီးကို တွန်းထုတ်လာတယ်။ "နက္ခတ်ကြည့်တယ်ဆိုတာ တာအိုဘာသာဝင်တွေမှ သေချာကျွမ်းကျင်တာ၊ မင်းလိုမျိုး ဗုဒ္ဓဘာသာဝင်ဘုန်းကြီးနဲ့ ဘာဆိုင်လို့လဲ? ဒကာလေး၊ ဒီဘုန်းတော်ကြီးက မင်းရဲ့ယင်‌အငွေ့အသက်တွေ မှောင်မိုက်နေတာကို မြင်နေရတယ်၊ သွေးချောင်းစီးမယ့်နိမိတ်က မင်းရဲ့ခေါင်းပေါ်မှာ ဝေ့ဝဲနေ..."

ဒါရိုက်တာချန် ရယ်ရမလား ငိုရမလားမသိတော့ပေ။ သူရိုက်ကွင်းထဲဝင်လာတာနဲ့ လီရှန့်ကျူကိုဆွဲခေါ်ပြီး ညည်းညူတော့တယ်။ "ဒီဘုန်းကြီးတွေ၊ အထက်လမ်းဆရာတွေက ဘယ်ကနေဘယ်လို ရောက်လာကြတာလဲ? ငါရိုက်နေတာ <ဂျူးလိယက်မရှိတော့တဲ့‌နောက်> လေ၊ <တရုတ်သဘာဝလွန်ဇာတ်လမ်းများ> မှမဟုတ်တာ... အမ်? မင်းဘယ်ကိုကြည့်နေတာလဲ?"

လီရှန့်ကျူက အင်မတန်ပျင်းရိနေတာကြောင့် လက်ထဲမှာကိုင်ထားတဲ့ လက်တော့ပ်ထဲကနေ ဗီဒီယိုတစ်ခုကို ကြည့်နေတာဖြစ်တယ်။ ဗီဒီယိုရဲ့ခေါင်းစဉ်က <<သတင်းထူး! ဆံပင်မွေးထောင်ချင်စရာ အဖြစ်အပျက်! ၁:၃၀ လောက်ကိုကြည့်ရင် ကြက်သီးတွေထလာလိမ့်မယ်!>> ဆိုပြီးတော့ ဖြစ်တယ်။

ဒါရိုက်တာချန်လည်း သူ့ဘေးနားကပ်ပြီး အဲ့ဒီဗီဒီယိုကို အဆုံးထိကြည့်လိုက်တယ်။ ဗီဒီယိုအဆုံးသတ်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံး အကြည့်ချင်း ဖလှယ်လိုက်မိကြတယ်။

"ရှန့်ကျူ" ဒါရိုက်တာချန်က ချောင်းတစ်ချက်ဟန့်လာတယ်။ "တစ်ယောက်လောက်ခေါ်လာပြီး ဘုရားစာပဲဖြစ်ဖြစ် ရွတ်ခိုင်းလိုက်စမ်းပါ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now