အခန်း ၂၇: ပထမမွေးစားသူ

3.6K 677 48
                                    

{Unicode}

အခန်း ၂၇: ပထမမွေးစားသူ

မနက်စောစော နင်ယွီရန်နဲ့ဝမ်ယွီနှစ်ယောက်လုံးအိပ်ပျော်နေသေးတဲ့အချိန်မှာ နင်နင်အိပ်ရာကနေနိုးလာခဲ့တယ်။

"ငါတကယ်နားမလည်တော့ဘူး" သူမဘေးမှာအိပ်နေတဲ့ဝမ်ယွီကိုကြည့်ပြီးတွေးလိုက်တယ်။ "ငါ့ကိုဖက်အိပ်ရတာမအေးဘူးလား? ဒီခန္ဓာကိုယ်က အသေကောင်လိုပဲအေးစက်နေတာကို..."

ဝမ်ယွီကိုကြည့်ရတာ လုံခြုံတယ်လို့ခံစားရတဲ့ပုံမပေါ်ဘူး။ ဒါမှမဟုတ် သူမကလုံခြုံတယ်လို့မခံစားရနေဘူးလို့ သူထင်နေတာလား? သူကသူမကို ကိုအာလာဝံလိုမျိုးပဲတင်းတင်းကျပ်ကျပ်ဖက်တွယ်ပြီးအိပ်နေရင်း တစ်ခုခုကိုဝါးနေတဲ့အသံတောင် နှစ်ခါလောက်လုပ်လိုက်သေးတယ်။

နင်နင်ဂရုတစိုက်နဲ့ သူမရဲ့လက်ကိုဆွဲထုတ်လိုက်တယ်။ သူမရဲ့လက်ဖဝါးကအနည်းငယ်ထုံကျင်နေတာကြောင့် သူမလက်ချောင်းတွေကိုကုတ်လိုက်တဲ့အချိန်မှာ အံ့ဩတဲ့အသံထွက်သွားရတယ်။ မနေ့ကထမင်းပူပူစားခဲ့လို့များလား? သူမရဲ့လက်ချောင်းတွေက တကယ်ပဲနွေးလို့နေတယ်...

အခန်းတံခါးကဖြည်းဖြည်းချင်းပွင့်ပြီးပြန်ပိတ်သွားတယ်။

ခြံဝင်းထဲမှာမြူအနည်းငယ်ဖုံးလွှမ်းနေတယ်။ နင်နင်မက်မွန်ပင်အောက်မှာလမ်းလျှောက်ရင်း လက်ကိုင်ကြေးမုံကိုထုတ်ကာ အထဲကပုံရိပ်ကိုပြောလိုက်တယ်။ "ချူနင်အာ"

ချူနင်အာ ကြေးမုံထဲမှာပေါ်လာခဲ့တယ်။

နင်နင်ကအတိတ်တုန်းကလိုမျိုး မကြောက်လန့်တော့သလို ဒေါသလည်းမထွက်တော့ပါချေ။ သူမကရယ်တောင်ရယ်ပြီး တည်ငြိမ်စွာပြောလိုက်တယ်။ "နင်ကငါ့ကိုတစ်လျှောက်လုံးကူညီလာတာပဲ၊ နင်သာမရှိရင် ငါ<ရုပ်ဆိုးမ>လူရွေးပွဲကိုမအောင်နိုင်ခဲ့လောက်သလို အဲ့အကျိုးဆက်အနေနဲ့ <ပြဇာတ်ရုံတစ္ဆေ>ကိုလည်း မဖြတ်ကျော်လာနိုင်လောက်ဘူး"

ချူနင်အာလည်းရယ်ပြလာတယ်။

"ဒါပေမဲ့ ငါ့ကိုတစ်လျှောက်လုံးလမ်းပိတ်ထားတာကလည်းနင်ပဲ၊ နင်ကငါ့ကိုချစ်ခွင့်မပေးသလို အခြားဇာတ်ကောင်တွေအဖြစ်လည်း သရုပ်ဆောင်ခွင့်မပေးဘူး" နင်နင့်အပြုံးကတဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ သူမကချူနင်အာကို တစ်လုံးချင်းစီလေးလေးနက်နက်ပြောလိုက်တယ်။ "ငါနင့်ကိုကျေးဇူးတင်ပေမဲ့လည်း တောင်းပန်ပါတယ်၊ ငါအခုနင်နဲ့လမ်းခွဲချင်ပြီ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »حيث تعيش القصص. اكتشف الآن