အခန်း ၉၂: ငါ့ရဲ့နတ်သမီးလေး

2.7K 536 42
                                    

{Unicode}

အခန်း ၉၂: ငါ့ရဲ့နတ်သမီးလေး

နင်နင်နဲ့လျန်လျန်က လူရွေးပွဲဗီဒီယိုတစ်ခုကနေတစ်ဆင့် တွေ့ခဲ့ရတာဖြစ်တယ်။

ထိုဗီဒီယိုထဲမှာ နင်နင်က <အိပ်ရာဝင်ကြင်ဖော်> ရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ခုဖြစ်တဲ့ ယန့်ချင်နဲ့ယွင်လင်ကို တစ်ချိန်တည်းမှာ သရုပ်ဆောင်ခဲ့တယ်။

သူမသရုပ်ဆောင်တာက အရမ်းလက်တွေ့ဆန်လွန်းတာကြောင့် တကယ်တွေ့ကြုံခဲ့ဖူးတဲ့လူသာသိရှိနိုင်မယ့် အသေးစိတ်လေးတွေကိုပါ သူမထည့်သွင်းဖော်ပြခဲ့မိတယ်။

ထိုဗီဒီယိုကိုယန့်ချင်မြင်သွားရင်ကိစ္စမရှိသလို လျန်လျန်မြင်သွားရင်လည်း ကိစ္စမရှိလောက်ပေ– အဲ့ဒါက <ငါ့ရဲ့နတ်သမီးလေး> ရုပ်ရှင်ကိုမကြည့်ရသေးခင်က နင်နင်ထင်ခဲ့တာဖြစ်တယ်။

အခုတော့အဲ့လိုမဟုတ်တော့ပေ။

သူမဖုန်းကိုထုတ်ပြီး လျန်လျန်ကိုဖုန်းဆက်လိုက်တယ်။

တစ်ဖက်ကဖုန်းမကိုင်ခင် အကြိမ်အနည်းငယ်ထပ်မြည်လို့နေတယ်။ စကားစမပြောခင် နင်နင်ခံစားချက်တွေကို အရင်စီစစ်လိုက်တယ်။ ပြီးတော့မှသူမအပြုံးတစ်ခုကိုတပ်ဆင်ပြီး တစ်ဖက်လူကိုပြောလိုက်တယ်။ "မုအာရဲ့ဇာတ်ကောင်ကိုပိုနားလည်နိုင်ဖို့အတွက် ကျွန်မသူ့ရဲ့အိမ်အဟောင်းကို သွားကြည့်ခဲ့တယ်"

လျန်လျန်ကဘာမှပြန်မပြောလာသလို ဖုန်းလည်းချမသွားတာကြောင့် နင်နင်ဆက်ပြောလိုက်တယ်။

"ကျွန်မသူ့ရဲ့ကျောင်းနေဖက်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ သူဌေးဟောင်းတွေ၊ အိမ်ရှင်ကိုတွေ့ခဲ့တယ်၊ အဲ့ဒီမှာကျွန်မရှာတွေ့ခဲ့တာ..."

"မင်းဘာကိုရှာတွေ့ခဲ့လဲ?" လျန်လျန်ကနောက်ဆုံးတော့ စကားစပြောလာတယ်။

သူမကအလှအပအတွက် ညတိုင်းဆယ်နာရီတိတိမှာ အိပ်ရမှရတယ်လို့ပြောတတ်ပေမဲ့ အခုတော့သူမရဲ့အသံကကြည်လင်နေကာ ထိုစည်းကမ်းကိုမေ့နေပုံပေါ်တယ်။ အခုအချိန်မှာအရေးကြီးနေတာက သူမကိုဖုန်းခေါ်လာတဲ့လူနဲ့ ပြောလာတဲ့အကြောင်းအရာပဲဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now