«တတိယ/ဇာတ်သိမ်း» အခန်း ၅၃: တံခါးစောင့်

3.2K 584 69
                                    

{Unicode}

«တတိယ/ဇာတ်သိမ်း»
အခန်း ၅၃: တံခါးစောင့်

"ဘဝရုပ်ရှင်ရုံကစိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုပဲ" ပြုံးနေတဲ့မျက်နှာဖုံးနဲ့လူက ဘဝရုပ်ရှင်ရုံကိုဘေးစောင်းကြည့်ကာ သက်ပြင်းချလိုက်တယ်။ "ရုပ်ရှင်ရုံကအမြဲတမ်းဒီနေရာမှာပဲရှိနေတာ၊ ဒါပေမဲ့လူတွေအများကြီးသတိမထားမိကြဘူး၊ မျှော်လင့်ချက်ပျက်သုဉ်းပြီး ယုံမှားသံသယတွေများနေတဲ့လူတွေ၊ သူတို့ရဲ့ကံကြမ္မာကိုလက်မခံနိုင်ဘဲ အတင်းပြောင်းလဲချင်နေတဲ့လူမျိုးတွေပဲ ဒီနေရာကိုရှာတွေ့နိုင်ကြတာ"

သူခေါင်းပြန်လှည့်ကာ ရှီကျုံးထန်နဲ့နင်နင်ကိုပြုံးပြလိုက်တယ်။ "အဲ့လိုလူမျိုးတွေအတွက်ပဲ ဒီနေရာကတံခါးဖွင့်ပေးလိမ့်မယ်"

ခဏတာအံ့အားသင့်မှုနဲ့ဒေါသထွက်အပြီးမှာ ရှီကျုံးထန်မြန်မြန်ပဲပြန်ပြီးတည်ငြိမ်သွားတယ်။ ပြီးတော့သူ့ကိုယ်သူကယ်တင်နိုင်မယ့်နည်းလမ်းကိုရှာဖွေတော့တယ်။

"...ဒီနေရာကငါ့ကိုရှာခဲ့တာမဟုတ်ဘူး၊ ငါ့ကိုရှာခဲ့တဲ့လူကမင်းပဲ" သူပြုံးနေတဲ့မျက်နှာဖုံးနဲ့လူကို အေးစက်စွာနဲ့ပြောလိုက်တယ်။ "မင်းငါ့ကိုလိမ်ခဲ့တယ်၊ လူတစ်ယောက်ကအဓိကဇာတ်ကောင်ရဲ့ကံကြမ္မာကို နှစ်ကြိမ်တောင်ပြောင်းလို့မရဘူးပဲ၊ ဟုတ်တယ်မလား?"

နင်နင်မှင်တက်သွားတယ်။ သူမသူ့ကိုကူကယ်ရာမဲ့စွာကြည့်နေမိတယ်။

အဓိကဇာတ်ကောင်ရဲ့ကံကြမ္မာကိုဘယ်နှစ်ကြိမ်ပြောင်းလို့ရလဲဆိုတာကို ရှီကျုံးထန်သိခဲ့တာမဟုတ်ပေ။ သူ့ကိုပြောပြခဲ့တဲ့လူက သူမပဲဖြစ်တယ်– သူ့ကိုထိုဖယောင်းတိုင်အကြောင်းရှင်းပြတဲ့အချိန်တုန်းက သူမပြောခဲ့တာ! အဓိကဇာတ်ကောင်ရဲ့ကံကြမ္မာကို နှစ်ကြိမ်အများဆုံးပြောင်းလဲလို့ရတယ်လို့ သူမသူ့ကိုပြောခဲ့တာ!

အဲ့ဒါကအမှန်ဟုတ်မနေဘူးဆိုရင်...

သူ့ကိုလိမ်ခဲ့တဲ့သူက... သူမပဲ။

သူမကပြုံးနေတဲ့မျက်နှာဖုံးနဲ့လူရဲ့ ကြံရာပါပဲ!

"အဲ့ဒါကသုံးခါပါ" ပြုံးနေတဲ့မျက်နှာဖုံးနဲ့လူက သူတို့နှစ်ယောက်လုံးကိုပြုံးပြလာတယ်။ "မင်းတို့သက်ပြင်းချလိုက်တာလား? ဟားဟား စိတ်မပူပါနဲ့၊ သူကငါ့ကြံရာပါမဟုတ်ပါဘူး"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now