အခန်း ၄၇: ဝမ်ယွီ

2.8K 573 31
                                    

{Unicode}

အခန်း ၄၇: ဝမ်ယွီ

လေထုကအနည်းငယ်မှုန်မှိုင်းလို့နေတယ်။ နင်နင်ခေါင်းမော့ကာ သူမရဲ့ခေါင်းပေါ်မှာပျံသန်းနေတဲ့အမည်းရောင်အရာကိုကြည့်လိုက်တယ်။ ကျီးကန်းတွေဖြစ်ပုံပေါ်တယ်။

ကျီးကန်းတွေထွက်သွားတော့မှ နင်နင်တံခါးစောင့်ကိုဖြည်းဖြည်းချင်းကြည့်လိုက်တယ်။ "အဓိကဇာတ်ကောင်ရဲ့ကံကြမ္မာကို နှစ်ကြိမ်ထက်ပိုပြီးပြောင်းလဲမိရင်ဘာဖြစ်လာမှာလဲ?"

တံခါးစောင့်ကရယ်မောကာ အနောက်ဘက်ကိုခေါင်းငဲ့ပြီးကြည့်လိုက်တယ်။

နင်နင်လည်းသူကြည့်တဲ့ဘက်ကိုလိုက်ကြည့်လိုက်တယ်။

သူ့ရဲ့အနောက်ဘက်မှာရှိနေတာက မျက်နှာဖုံးနဲ့လူတွေဖြစ်တယ်။ သူတို့ကဘဝရုပ်ရှင်ရုံရဲ့အဝင်ဝမှာ အစုလိုက်အပြုံလိုက်ရပ်နေကြပြီး အပြင်လောကကိုခံစားကြည့်ချင်တဲ့ထောင်သားတွေလိုမျိုး သူမကိုမနာလိုမှုတွေလောဘတွေနဲ့ကြည့်နေကြတယ်။

တံခါးစောင့်ကခေါင်းပြန်လှည့်ကာ ရယ်ပြီးပြောလာတယ်။ "စမ်းကြည့်လေ"

သူမဘယ်လိုလုပ်ပြီးစမ်းကြည့်ရဲမှာလဲ?

ထိုနေ့ကနေစပြီး သူမရှီကျုံးထန်ကိုသိသိသာသာရှောင်နေတယ်ဆိုတာ လူတိုင်းသတိထားမိလာကြတယ်။

ရိုက်ကူးရေးအချိန်ကလွဲရင် သူမကသူ့ကိုဆက်တိုက်ရှောင်ဖယ်လို့နေတယ်။ သူ့ကိုလုံးဝရှောင်လို့မရတဲ့အခြေအနေဆိုရင် သူမကမျက်လုံးမှိတ်ချပြီးအနားယူဟန်ဆောင်နေတော့တယ်။ အခုလိုမျိုးပေါ့။

နင်နင်ကကုလားထိုင်ပေါ်မှာလဲလျောင်းနေပြီး ဂျက်ကက်တစ်စုံကသူမရဲ့ကိုယ်ကိုလွှမ်းခြုံထားတယ်။ သူမကတစ်ရေးတစ်မောအိပ်နေလိုမျိုး မျက်လုံးတွေကိုတင်းကျပ်စွာမှိတ်လို့ထားတယ်။

"အခုတလောမင်းဘာဖြစ်လို့ ကိုယ့်ကိုရှောင်နေတာလဲ?" ရှီကျုံးထန်ရဲ့အသံက သူမခေါင်းပေါ်ကနေထွက်ပေါ်လာတယ်။

"..." အိပ်ချင်ယောင်ဆောင်နေတဲ့သူကိုနှိုးဖို့မဖြစ်နိုင်ပါချေ။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now