{Unicode}
အခန်း ၉: ယုံကြည်ချက်
ငိုယိုနေတဲ့သခင်မလေးကိုမြင်ရလိမ့်မယ်လို့ ချန်ကျွင်းယန့်ထင်ထားခဲ့ပေမဲ့ တကယ်တမ်းကျအဲ့လိုဟုတ်မနေပေ။
ရုတ်တရက်နှင်းတွေသိပ်သိပ်သည်းသည်းကျလာကာ သူဌေးချူကနင်နင်ကို ခြံဝင်းထဲမှာထိုင်ပြီးဖျော်ဖြေတာကိုကြည့်ခွင့် သေချာပေါက်မပေးတော့တာကြောင့် သူတို့အားလုံးအခန်းထဲမှာစုပြီး အနီရောင်ရွှံ့မီးဖိုအနားမှာထိုင်ကာ ဝိုင်အနီသောက်နေကြတယ်။
နင်နင်သူမရဲ့လက်ထဲကကြွေပန်းကန်လုံးကိုဖြည်းဖြည်းချင်းလှုပ်နေတယ်။ အထဲကဆန်ဝိုင်ကသူမလှုပ်ယမ်းနေတဲ့အတိုင်း ပန်းကန်လုံးရဲ့အဝနားမှာဝေ့ဝိုက်လို့နေတယ်။ ဆန်ဝိုင်အငွေ့သဲ့သဲ့ကသူမရဲ့နှုတ်ခေါင်းဝနားမှာရစ်သီလို့လာပြီး မသောက်ဘဲနဲ့တောင်သူမကိုမူးဝေလာစေတယ်။ နင်နင်မျက်လုံးလှန်ကြည့်ကာ ပုံမှန်မဟုတ်လောက်အောင်ကိုတည်ငြိမ်နေတဲ့အသံနဲ့မေးလိုက်တယ်။ "နင်ကသိမ်းသွင်းဖို့လာတာလား?"
ချန်ကျွင်းယန့်သူမကိုဖြတ်ခနဲကြည့်လိုက်တယ်- သူမရဲ့အသံကသာတည်ငြိမ်နေတာမဟုတ်ဘဲ သူမရဲ့မျက်နှာအမူအရာကလည်းအင်မတန်အေးဆေးလို့နေတယ်။
...ပြဿနာကသူမအရမ်းရုပ်ဆိုးနေတာပဲ။
သူဌေးချူကသူ့ကိုပေါက်ထွက်မတတ်စိုက်ကြည့်နေတာကြောင့် ချန်ကျွင်းယန့်မျက်လွှာမချရဲသလို အကြည့်လည်းမလွှဲရဲပေ။ သူကနင်နင်ရဲ့မျက်နှာကိုစူးစိုက်ကြည့်နေရုံပဲတတ်နိုင်တယ်။ "ကျွန်တော်သိမ်းသွင်းဖို့လာတာမဟုတ်ပါဘူး"
"အို?" နင်နင်ကစနောက်သလိုအပြုံးမျိုးကိုတပ်ဆင်ကာ မတ်တပ်ရပ်ပြီး သူ့ရဲ့အနားကိုလျှောက်လို့လာတယ်။
သူမလက်တွေကိုအနောက်ပစ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ချန်ကျွင်းယန့်နဲ့နီးကပ်အောင်အနည်းငယ်စောင်းချလိုက်တယ်။ ငိုကြွေးနေတဲ့ကလေးတွေကို လန့်ပြီးတိတ်ကျသွားအောင်ရော၊ ဒါမှမဟုတ် ပိုပြီးအော်ငိုလာအောင်ရောလုပ်နိုင်စွမ်းရှိတဲ့ အဲ့ဒီမျက်နှာက ချန်ကျွင်းယန့်အနားကိုအရမ်းနီးကပ်လို့လာတယ်။ "ငါ့ကိုစေ့စေ့ကြည့်ပြီးပြော၊ နင့်မျက်လုံးထဲမှာ ငါဘာနဲ့တူနေလဲ?"
YOU ARE READING
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »
Mystery / ThrillerFan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] Status in COO 174 Chapters (+ 2 Extra Chapters) ©️ Cover illustration is fully credited to Z...