အခန်း ၁၆၉: မင်းကိုယ်မင်းပေး

1.8K 360 16
                                    

{Unicode}

အခန်း ၁၆၉: မင်းကိုယ်မင်းပေး

"ဘန်း!"

ရှီကျုံးထန် ရုပ်ရှင်ရုံထဲမဝင်လာခင်ကတည်းက ထိုအသံကို ကြားလိုက်ရတယ်။

"ဘာဖြစ်တာလဲ?" သူရုပ်ရှင်ရုံထဲကို ခြေချပြီး မေးလိုက်တယ်။

အထဲမှာက ခေါင်းတွေစုဝေးလို့နေတယ်။

တံခါးစောင့်မရှိတော့ကတည်းက မျက်နှာဖုံးနဲ့လူတွေ လူစုကွဲသွားခဲ့ကြတာဖြစ်တယ်။ သူတို့တစ်ယောက်ပြီးတစ်ယောက် ရုပ်ရှင်ရုံကိုပြန်လာကြပေမဲ့ ဒီနေ့ဒီအချိန်လိုမျိုးတော့ တစ်ခါမှမစုဝေးနေခဲ့ဖူးပါချေ။

"မင်းပြန်ရောက်လာပြီပဲ" ယုန်မျက်နှာဖုံးက သူ့ကိုလှည့်ကြည့်လာတယ်။ "အချိန်ကိုက်ပဲ၊ ငါမင်းကိုလူလွှတ်ပြီး သွားခေါ်ခိုင်းတော့မလို့"

သူကရှီကျုံးထန်ကို ခန်းမထဲဆွဲခေါ်လာခဲ့တယ်။

ဟုတ်တယ်၊ ခန်းမ။

သစ်သားထိုင်ခုံတွေက ဘေးဘက်ကိုအစီအရီချခံထားရပြီး အလယ်မှာ နေရာလွတ်တစ်ခုကို ဖန်တီးပေးလို့ထားတယ်။ ထိုနေရာအလွတ်နဲ့ဖန်တီးထားတဲ့ လမ်းလေးပေါ်မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရပ်နေကြပြီး အခြားမျက်နှာဖုံးနဲ့လူတွေက သူတို့နှစ်ယောက်ကို ဝန်းရံပေးလို့ထားတယ်။ သူတို့ထဲကတချို့က လက်ခုပ်ဩဘာပေးနေကြကာ အချို့ကယမ်းတွေဖောက်နေကြပြီး အချို့ကသတို့သမီးရဲ့ ပန်းစည်းကိုဖမ်းဖို့ အသင့်ပြင်နေကြတယ်။

ရှီကျုံးထန် လေချွန်လိုက်မိတယ်။ "မင်္ဂလာဆောင်?"

သူဒီရုပ်ရှင်ရုံထဲ နှစ်ပေါင်းများစွာရှိနေအပြီးမှာ မျက်နှာဖုံးနဲ့လူနှစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို မျက်မြင်ကိုယ်တွေ့ကြုံဖူးတာကတော့ ဒါကပထမဆုံးပဲဖြစ်တယ်။

သတို့သားက သူသိထားပြီးထားလူဖြစ်တယ်။ သူကခွေးမျက်နှာဖုံးကို တပ်ဆင်ထားပြီး ရိုးရှင်းကာ ဖြောင့်မတ်တဲ့လူဖြစ်ကာ သတို့သမီးကတော့... ကျောက်တွေစီခြယ်ထားတဲ့ ဗင်းနစ်မျက်နှာဖုံးနဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ထိုမျက်နှာဖုံးကို ရှီကျုံးထန်တစ်ခါမှမမြင်ဖူးပါချေ။ သူမကလူသစ်လား?

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Tempat cerita menjadi hidup. Temukan sekarang