အခန်း ၈၀: ငါးစာ

2.7K 483 25
                                    

{Unicode}

အခန်း ၈၀: ငါးစာ

"မုအာ" သူမရဲ့လုပ်ဖော်ကိုင်ဖက် ရှောင်ကျန်းက လျှို့လျှို့ဝှက်ဝှက်နဲ့ပြောလာတယ်။ "နင်ပိုက်ဆံလိုနေတာလား?"

နင်နင့်ရဲ့ငွေရေးကြေးရေးအခြေအနေက လူတချို့သိထားတဲ့ကိစ္စပဲဖြစ်တယ်။ သူမပန်းကန်တွေဆေးရင်းနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ "ငါပိုက်ဆံအမြဲလိုနေတာပဲ"

ရှောင်ကျန်းကဘေးပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီး နင်နင့်ကိုတိုးတိုးတိတ်တိတ် ပြောလာတယ်။ "ပိုက်ဆံအများကြီးရအောင်လုပ်လို့ရတဲ့ အခွင့်အရေး ငါ့မှာရှိတယ်"

နင်နင်, "တရားရောဝင်ရဲ့လား?"

ရှောင်ကျန်း, "သေချာတာပေါ့ဟ"

"အဲ့ဒါဆိုလည်းဘာဖြစ်လို့ မှောင်ခိုသယ်ရတော့မယ့်အတိုင်းပြောနေတာလဲ? ဒီတိုင်းပဲပြောလေ" နင်နင်ပြန်ပြောလိုက်တယ်။

"အဲ့ဒါကဒီလိုဟဲ့..." ပြောဖို့ခက်ခဲတဲ့ကိစ္စတစ်ခုလိုမျိုး ရှောင်ကျန်းကခဏလောက်တွန့်ဆုတ်နေပြီးမှ သူမကိုပြောပြလာတယ်။ "သူ့မိသားစုက သူ့ကိုမြန်မြန်လက်ထပ်ဖို့ ဖိအားပေးတာကိုခံနေရတဲ့ သူဌေးတစ်ယောက်ရှိတယ်၊ ဒါပေမဲ့သူကအခုလောလောဆယ် လက်မထပ်ချင်သေးဘူး၊ အဲ့ဒါကြောင့်မလို့ ခဏတဖြုတ်သူ့ချစ်သူဟန်ဆောင်ဖို့ မိန်းကလေးတစ်ယောက်ကို အလုပ်ခန့်ချင်နေတယ်တဲ့"

အမ်၊ ဒါကနှစ်သစ်ကူးအတွက် ရည်းစားငှားတဲ့ဝန်ဆောင်မှုပဲမဟုတ်လား? ဒါမျိုးကဒီခေတ်မှာလည်းရှိမယ်လို့ မထင်ထားဘူးပဲ။

"ပိုက်ဆံများများရမယ့် အခွင့်ရေးတော့ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါနဲ့ဆိုင်တယ်လို့မထင်ပါဘူး" နင်နင်စဉ်းစားကြည့်ပြီးတဲ့နောက် ပြန်ပြောလိုက်တယ်။ "သူကချစ်သူနှစ်ယောက်ခန့်လို့မှမရတာ"

"ငါ့ကိုရွေးချင်မှရွေးမှာပေါ့ဟဲ့၊ နင့်ကိုသဘောခွေ့သွားရင်ရော ဘယ်လိုလုပ်မလဲ?" ရှောင်ကျန်းကနင်နင့်လက်ကိုဆွဲရင်း ပြောလာတယ်။ "အရွေးခံရတဲ့သူက တစ်ဝိုင်းကျွေးရမယ်နော်"

နင်နင်, "ညစာတော့တော်ပြီ၊ ငါ့ကိုညစာကျွေးမယ့်အစား အဲ့ညစာအတွက်ကုန်မယ့် ပိုက်ဆံပဲပေးလည်းရတယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now