အခန်း ၂၀: သတင်းစာပေါ်ကအချက်အလက်

4.1K 720 80
                                    

{Unicode}

အခန်း ၂၀: သတင်းစာပေါ်ကအချက်အလက်

၁၉၈၇ခုနှစ် နွေရာသီ

ဘန်း-

အရာဝတ္ထုတစ်ခုကကောင်းကင်ပေါ်ကနေ ဝမ်‌ယွီရဲ့အရှေ့ကိုကျလာခဲ့တယ်။

"တစ်ယောက်ယောက်တိုက်ပေါ်ကနေခုန်ချသွားပြီ-"

အမျိုးသမီးကြီးရဲ့အော်သံနဲ့အတူ ဖရိုဖရဲခြေသံတွေက ဝမ်ယွီရဲ့အနားမှာပေါ်ထွက်လို့လာတယ်။ ဝမ်ယွီပါးစပ်ဟကာ သူ့အရှေ့ကခန္ဓာကိုယ်ကိုကြည့်ပြီးပြောလိုက်တယ်။ "မားမား...."

အဲ့ဒါကသူနောက်ဆုံးပြောခဲ့တဲ့စကားနှစ်လုံးပဲဖြစ်တယ်။

အဲ့ဒါပြီးတဲ့နောက် သူ့အသံပျောက်ဆုံးသွားကာ သူနောက်တစ်ကြိမ်စကားထပ်မပြောလာတော့ပေ။

လဝက်ကြာပြီးနောက် ဝမ်ယွီကအခန်းတစ်ခုထဲမှာ တိတ်ဆိတ်စွာထိုင်နေတယ်။ အခန်းထဲမှာလေအေးပေးစက်မရှိသလို ပန်ကာလည်းမရှိပါချေ။ အဲ့ဒီအထဲမှာထိုင်နေရတာက မသိရင်ပေါင်းအိုးထဲထည့်ပြီးအပေါင်းခံနေရသလိုပင်။ ဒါပေမဲ့သူကတော့ ကြက်သီးမွေးညင်းလေးတွေထနေသလိုခံစားနေရတယ်။

အဝလွန်နေတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့အရှေ့မှာထိုင်နေတယ်။ သူမရဲ့ပြည့်ဖောင်းဖောင်းမျက်နှာက ချွေးတွေနဲ့ပြည့်လို့နေတယ်။ သူမကစက်ဆုပ်စွာပြောလာတယ်။ "ငါ့အိမ်မှာကလေးနှစ်ယောက်ရှိသေးတာ သူတို့ကိုကျွေးမွေးနေရတာနဲ့တင် လက်တွေခြေထောက်တွေပါပြုတ်ထွက်တော့မယ်၊ ဘယ်လိုလုပ်ပြီး နောက်ထပ်တစ်ယောက်ကိုတင်ကျွေးထားနိုင်မှာလဲ?"

"ငါနည်းနည်းလောက်ကြာရင် အလုပ်ထွက်လုပ်ရတော့မှာ၊ ကလေးတစ်ကောင်ပါခေါ်သွားလို့မရဘူး" ယောက်ျားတစ်ယောက်က သူ့ကိုယ်သူယပ်တောင်ခပ်ရင်းပြောလာတယ်။

"ဘာလာကြည့်နေတာလဲ?" အခြားသူနှစ်ယောက်သူ့ဘက်ကိုကြည့်လာတာကိုတွေ့ရတော့ ကတုံးနဲ့ယောက်ျားက သောက်လက်စဘီယာသီးသွားတယ်။ "ကျုပ်ကိုသနားပါဦး၊ ရည်းစားတောင်ရှာလို့မရသေးတာ ဘေးမှာကလေးတစ်ကောင်ပါတွဲလောင်းရှိနေရင် ဘယ်သူကကျုပ်ကိုကြိုက်တော့မှာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now