အခန်း ၁၇၀: အဆုံးသတ်ဇာတ်ဝင်ခန်း

1.9K 357 2
                                    

{Unicode}

အခန်း ၁၇၀: အဆုံးသတ်ဇာတ်ဝင်ခန်း

"ဟယ်လို၊ 'ဗိုက်ဆာနေလား' အစားအစာပို့ဆောင်မှုကပါ..." ပါဆယ်ပို့သမားက အိတ်တစ်အိတ်ကိုကိုင်ရင်း လှေကားထစ်တွေပေါ် လျှောက်တက်လာခဲ့တယ်။ မှာယူသူဘက်က တံခါးဖွင့်ပေးလာရင် လက်မှတ်ထိုးခိုင်းရမယ်ဆိုတဲ့ အတွေးနဲ့တင် သူကြိုပြီးမြူးထူးလို့နေတယ်။

ရုတ်တရက်‌ သူ လှေကားတက်နေတဲ့ ခြေလှမ်းတွေကိုရပ်ပြီး အနောက်လှည့်ကြည့်လိုက်တယ်။

ရော်ဘာဘောလုံးတစ်လုံးက ကြမ်းပြင်ပေါ်ကိုကျလာပြီး နှစ်ချက်လောက်ခုန်ကာ ထောင့်ကိုလိမ့်လို့သွားတယ်။

ဘယ်သူပစ်တာလဲ? ပါဆယ်ပို့သမားက လှေကားထစ်တွေပေါ်ကို မော့ကြည့်လာပေမဲ့ ဘယ်သူ့ကိုမှမတွေ့ရပေ။

သူ့ရဲ့အကြည့်က ထိုရော်ဘာဘောလုံးပေါ်ကို ပြန်ရောက်လို့သွားတယ်။ သူမျက်မှောင်ကြုတ်ကာ ဆက်ပြီးလျှောက်တက်လာခဲ့တယ်။ "ကံဆိုးချက်ပဲ၊ ငါလာတဲ့အချိန်မှ မီးကပျက်နေရတယ်လို့..."

လျှပ်စစ်မီးမရှိနေတဲ့ တိုက်ခန်းအဆောက်အအုံတစ်ခုလုံးက မည်းမှောင်လို့နေတယ်။ စင်္ကြံလမ်းရဲ့ပြတင်းကနေတဆင့် ဖြာကျလာနေတဲ့ လရောင်သဲ့သဲ့က တစ်ခုတည်းသော အလင်းရောင်ဖြစ်တယ်။

သူနောက်ထပ်လှေကားထစ်တစ်ထစ်ပေါ် ခြေထောက်ချအပြီးမှာ အသံတစ်ခုကိုကြားလိုက်ရတယ်။ "ဒုတ်"

–ရော်ဘာဘော်လုံးနဲ့ ကြမ်းပြင်ထိတဲ့ အသံဖြစ်တယ်။

ဒုတ်၊ ဒုတ်၊ ဒုတ်။ တစ်ခါ၊ နှစ်ခါ၊ သုံးခါ။ သူ့ရဲ့အနောက်မှာ ဘယ်သူက ဘောလုံးပုတ်နေတာလဲ?

ပါဆယ်ပို့သမားက ဆတ်ခနဲ အနောက်လှည့်ကြည့်လာပြန်တယ်။ ဘယ်သူမှမရှိဘူး! သူလှည့်ကြည့်လာတဲ့အချိန်မှ ရုတ်တရက်ကြမ်းပြင်ပေါ်ကျပြီး ထောင့်ကိုလိမ့်သွားတဲ့ ရော်ဘာဘောလုံးတစ်လုံးသာ ရှိနေတယ်။

သူချွေးစေးတွေပြန်လာပြီး ခြေတစ်လှမ်း အနောက်ဆုတ်မိသွားတာကြောင့် လှေကားထစ်နဲ့ခလုတ်တိုက်ကာ ဖင်ထိုင်လျက်ပြုတ်ကျလာရတယ်။ သူစိတ်ထဲကျိန်ဆဲပြီးနောက်မှာ ကပျာကယာထရပ်ပြီး လှေကားထစ်တွေပေါ်ကို အစွမ်းကုန် ပြေးတက်လာတော့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now