အခန်း ၂၉: တတိယမြောက်မွေးစားသူ

3.3K 623 32
                                    

{Unicode}

အခန်း ၂၉: တတိယမြောက်မွေးစားသူ

နင်နင်တတိယမြောက်မွေးစားမယ့်သူကိုရှာဖို့ အချိန်ယူနေရတယ်။

ပထမတစ်ခေါက်ကမတော်တဆဖြစ်နိုင်ပေမဲ့ နှစ်ခေါက်ဆက်တိုက်ဖြစ်လာတော့ သူမရဲ့စိတ်ကိုရှုပ်ထွေးလာစေတယ်။ 

"ပုံဘယ်မှာလဲ?" ဘာသာစကားဆရာမ မပြန်ခင်ပြောသွားတဲ့စကားကိုသတိရသွားတာကြောင့် နင်နင်ခါးကိုင်းပြီးဝမ်ယွီရဲ့ပုခုံးကိုကိုင်ကာပြောလိုက်တယ်။ "ဆရာမယွီပြောခဲ့တဲ့ပုံဘယ်မှာလဲ?"

ဝမ်ယွီသူမကိုခေါင်းမော့ကြည့်ပြီး ဖြေးဖြေးချင်းခေါင်းခါပြလာတယ်။

နင်နင်ကိုယ်ကိုလှည့်လိုက်တော့ ဝမ်ယွီရဲ့စာအုပ်နဲ့ခဲတံက စားပွဲပေါ်မှာရှိနေတာကိုတွေ့လိုက်ရတယ်။ သူမစားပွဲရှိရာကိုမြန်မြန်ဆန်ဆန်လျှောက်သွားပြီး စာအုပ်ကိုလှန်လှောကြည့်လိုက်တယ်။ စာမျက်နှာတော်တော်များများက စာရေးထားတာတွေနဲ့ပဲပြည့်လို့နေတယ်။

ဒါပေမဲ့နောက်ဆုံးစာမျက်နှာရောက်တော့ သူမပုံတစ်ခုကိုတွေ့လိုက်ရတယ်။ အဲ့ဒါကသူမတို့နှစ်ယောက်ရဲ့ပုံဖြစ်တယ်။ ပုံထဲမှာသူမတို့နှစ်ယောက်က ခွေးလေးတစ်ကောင်နဲ့အတူ အိမ်အကြီးကြီးရဲ့ရှေ့မှာရပ်နေပြီး ပြုံးရယ်နေကြတယ်။

နင်နင်ပြန်လှည့်ကြည့်လိုက်တော့ ဝမ်ယွီကသူမရဲ့အနောက်မှာရပ်နေတယ်။ သူက ခွင့်ပြုချက်မပါဘဲသူ့ပစ္စည်းကိုကိုင်တဲ့ နင်နင့်ကိုဒေါသမထွက်ဘဲ သူ့ရဲ့မည်းနက်နေတဲ့မျက်လုံးတွေနဲ့သာစိုက်ကြည့်ရင်း မျက်တောင်ခတ်လာတယ်။

နင်နင်တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်တဲ့အချိန်မှာ- ဒေါက်‌၊ ဒေါက်၊ ဒေါက်။ တစ်စုံတစ်ယောက်ကမြေအောက်ခန်းတံခါးကိုခေါက်လာတယ်။ သူမထွက်ကြည့်လိုက်တော့ ထူးဆန်းတဲ့အမူအရာနဲ့ရပ်နေတဲ့ ပြဇာတ်ရုံဝန်ထမ်းကိုတွေ့လိုက်ရတယ်။ "တစ်ယောက်ယောက်ရောက်နေတယ်၊ သူပြောတာတော့ သူကမင်းရဲ့ဆွေမျိုးတဲ့"

ထိုလူကခန်းမထဲမှာသူမတို့ကိုစောင့်နေတယ်။ နင်နင်ဝမ်ယွီရဲ့လက်ကိုဆွဲပြီးလျှောက်သွားလိုက်တယ်။ ခန်းမကိုမရောက်ခင်အကွာအဝေးအနည်းငယ်လိုသေးတဲ့အချိန်မှာ အထဲကနေကျယ်လောင်တဲ့အသံတစ်ခုထွက်လာတာကို ကြားလိုက်ရတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now