အခန်း ၄၅: အပြုံးနှစ်ခု

3.1K 594 28
                                    

{Unicode}

အခန်း ၄၅: အပြုံးနှစ်ခု

တံခါးစောင့်ကရှီကျုံးထန်အရှေ့ကနေ လမ်းပိတ်လိုက်တယ်။

"မင်းမှာလက်မှတ်မရှိဘူး" တံခါးစောင့်ကအေးစက်စွာနဲ့ပြောလာတယ်။

ရှီကျုံးထန်ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ "လက်မှတ်ကောင်တာဘယ်မှာလဲ?"

တံခါးစောင့်ကသူ့ကိုပြန်မဖြေပါချေ။

ရှီကျုံးထန်ခေါင်း‌စောင်းပြီး တံခါးစောင့်ကိုကြည့်လိုက်တယ်။ ပြီးတော့ပိုက်ဆံအိတ်ထုတ်လိုက်တယ်။ "ဒီလောက်ဆိုရလား?"

တံခါးစောင့်က ရှီကျုံးထန်ယူထုတ်လိုက်တာ ပိုက်ဆံအိတ်မဟုတ်ဘဲ ခရစ္စမတ်ခြေအိတ်ထဲကပုံနှိပ်စာအုပ်လိုမျိုး အင်မတန်အေးစက်တဲ့အကြည့်ကိုပေးလာတယ်။

ရှီကျုံးထန်ကအရှုံးမပေးချင်ပေ။ သူတံခါးစောင့်နဲ့ညှိနှိုင်းဖို့အကြာကြီးကြိုးစားနေတဲ့အချိန်မှာ နင်ယွိရန်ကရုပ်ရှင်ရုံထဲကနေ ယိုင်တိုင်တိုင်နဲ့ပြန်ထွက်လာခဲ့တယ်။ သူမရဲ့မျက်လုံးတွေကဖောင်းကားနေတယ်။ သူမကအခုလေးတင်ကြိုးဆွဲချခံခဲ့ရသလိုမျိုး လည်ပင်းကိုဆုပ်ကိုင်ရင်းအပြင်းအထန်ချောင်းဆိုးလို့နေတယ်။

အခုတစ်ယောက်မှစကားမဟကြတော့ချေ။ နင်ယွိရန်ကတံခါးဝကလူတွေကို လွန်ခဲ့တဲ့တစ်ဘဝလောက်ကနောက်ဆုံးတွေ့ခဲ့ရသလိုမျိုး ဝေ့ဝဲကြည့်လိုက်တယ်။ နင်နင်ပေါ်ကိုအကြည့်ရောက်သွားတဲ့အချိန်မှာ သူမရုတ်တရက်ပြေးလာပြီး နင်နင့်ကိုဖက်ကာငိုကြွေးတော့တယ်။

နင်နင်ပိုစတာကိုကြည့်ရင်း နင်ယွိရန်ရဲ့ကျောကိုပုတ်ပေးလိုက်တယ်။

ရုပ်ရှင်နာမည်ပြောင်းသွားတာမျိုးမဖြစ်လို့တော်သေးတယ်။ မဟုတ်ရင်အခြေအနေပိုဆိုးလာဖို့ပဲရှိတယ်။

"ဘာဖြစ်လို့လဲ?" ရှီကျုံးထန်ကသူမတို့အနားကိုလျှောက်လာတယ်။ "အထဲမှာဘာရှိလို့လဲ?"

"ရုပ်ရှင်ကအရမ်းဝမ်းနည်းဖို့ကောင်းလို့နေမှာပါ" နင်နင်မြန်မြန်ဆန်ဆန်ပဲစကားလမ်းကြောင်းလွှဲလိုက်တယ်။ "ညဉ့်လည်းနက်နေပြီကို ပြန်ရအောင်၊ မနက်ဖြန်ကျ ရိုက်ကူးရေးရှိသေးတယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now