အခန်း ၁၂၃: အနက်ရောင်ဓာတ်ပုံဘောင်

2.3K 514 38
                                    

{Unicode}

အခန်း ၁၂၃: အနက်ရောင်ဓာတ်ပုံဘောင်

လီရှန့်ကျူကထပ်ခါတလဲလဲငြင်းဆိုခဲ့ပေမဲ့ ဝမ်ယွီကတော့ သူမတို့နှစ်ယောက်ကိုအိမ်ပြန်ပို့ပေးဖို့ မလျှော့တမ်းပြောနေဆဲပဲဖြစ်တယ်။

ဘာဖြစ်လို့လဲ? နင်နင်သူ့ရဲ့ဘေးတစောင်းမျက်နှာကို စိုက်ကြည့်လိုက်တယ်။ သူမမှာစိတ်ရောဂါရှိနေတာကြောင့် တစ်ယောက်တည်းထားလို့မရဘူးလို့ ထင်နေတာလား? ခေါင်မိုးထပ်မှာတုန်းကလိုမျိုး?

"ရောက်ပြီ" လီရှန့်ကျူသော့တစ်ချောင်းထုတ်လာတယ်။

နင်နင်အရှေ့ကတံခါးကိုကြည့်လိုက်တယ်။ အိမ်တံခါးက သူမရဲ့မျက်စိရှေ့မှာ ဖြည်းဖြည်းချင်းပွင့်ဟလာတယ်။

ထိုအိမ်တံခါးပွင့်လာတာ သူမအတွက် သုံးရာခြောက်ဆယ့်သုံးကြိမ်မြောက်ဖြစ်တယ်။

ဝမ်ယွီတစ်ချက်ငုံ့ကြည့်လိုက်တယ်။ တံခါးပွင့်လာတာနဲ့ နင်နင်ကသူ့ရဲ့အင်္ကျီလက်အစွန်းကို အလိုအလျှောက်ဆုပ်ကိုင်ထားမိတာဖြစ်တယ်။

"ရောက်နေပြီဆိုတော့" လီရှန့်ကျူကသူတို့နှစ်ယောက်ကို ကျောခိုင်းထားရင်းပြောလာတယ်။ "ညစာတူတူစားသွားလိုက်ပါ"

သူမီးဖိုခန်းထဲကိုလျှောက်ဝင်သွားတယ်။ မီးဖိုဖွင့်တဲ့အသံ၊ ခုတ်ထစ်ဆေးကြောတဲ့အသံတွေက ငါးခေါင်းနှပ်ရဲ့အနံ့သင်းသင်းနဲ့အတူ ပြန့်လွင့်လာခဲ့တယ်။

ဝမ်ယွီဆိုဖာပေါ်ထိုင်နေရင်း ရုတ်တရက် သူ့ရဲ့ညာဘက်လက်က ပက်လက်လှန်ခံလိုက်ရတယ်။ သူ့ရဲ့လက်ဖဝါး ယားကျိကျိဖြစ်လာကြောင့် ငုံ့ကြည့်လိုက်တော့ လက်ညှိုးနဲ့သူ့လက်ဖဝါးပေါ်မှာ တစ်ခုခုကိုချရေးနေတဲ့ နင်နင့်ကိုတွေ့လိုက်တယ်။

စကားလုံးသုံးလုံး။

"မစားနဲ့"

ဝမ်ယွီထိုစကားလုံးသုံးလုံးကို အသံထွက်ပြီးရေရွတ်လိုက်တယ်။ သူ့လက်ဖဝါးပေါ်မှာရှိနေတဲ့လက်ညှိုးက ရုတ်တရက်‌သူ့ရဲ့နှုတ်ခမ်းအရှေ့မှာ ကန့်လန့်ပိတ်လာခဲ့တယ်။ နင်နင်သူ့ကိုတိတ်တိတ်နေဖို့အချက်ပြပြီး မီးဖိုခန်းဘက်ကိုကြည့်လိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Tempat cerita menjadi hidup. Temukan sekarang