အခန်း ၁၂: ဆက်ကပ်ပွဲ

3.9K 690 14
                                    

{Unicode}

အခန်း ၁၂: ဆက်ကပ်ပွဲ

နှစ်ရက်ကြာပြီးနောက်

နင်နင်တံခါးမကြီးရဲ့တစ်ဖက်ခြမ်းကို ပထမဆုံးအကြိမ်အဖြစ်ခြေချလိုက်တာနဲ့ မြင်လိုက်ရတဲ့အပြင်လောကမြင်ကွင်းက သူမရဲ့မျက်လုံးတွေကိုကျယ်သွားစေတယ်။ သူမအသက်ရှူသွင်းလိုက်ကာ နည်းနည်းစိတ်လှုပ်ရှားနေတယ်။ သူမနောက်ခြေလှမ်းကို ဘယ်ခြေနဲ့စရမလား ညာခြေနဲ့စရမလား?

သူမရဲ့အရှေ့ကသူဌေးချူကလက်ဆန့်ထုတ်ပေးလာကာ ပြုံးရင်းပြောလာတယ်။ "လာ"

"လူများတယ်၊ အနားကပ်" သူဌေးချူသူမရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ပြောလာတယ်။ "လက်မလွှတ်လိုက်နဲ့"

နှစ်သစ်ကူးခါနီးကာလဖြစ်တာကြောင့် လမ်းတွေကနှစ်ကူးမုန့်တွေရဲ့အနံ့အသက်တွေနဲ့ပြည့်လို့နေတယ်။ အသားငါး၊ ဟင်းခတ်အမွှေးအကြိုင်၊ အစာခြောက်နဲ့ မုန့်ပဲသရေစာတွေစုံစုံလင်လင်ရနိုင်တာကြောင့် ဈေးလမ်းမမှာလူတွေကျိတ်ကျိတ်တိုးလို့နေတယ်။

နင်နင်ဘဲကင်ဆိုင်ရှေ့မှာခြေလှမ်းတွေတန့်ကာ နေရာကမရွေ့ဘဲရပ်နေမိတယ်။ "ပြန်ရင်တစ်ကောင်ဝယ်ကျွေးမယ်" သူဌေးချူပြောလာတယ်။ "ချက်ချင်းမှမစားသေးတာ၊ အခုဝယ်ရင်အေးသွားလိမ့်မယ်"

သူဌေးချူကသူမကိုအပြင်ခေါ်ထုတ်လာပေးပေမဲ့ မျက်နှာဖုံးချွတ်ခွင့်တော့မပေးပေ။

"ဟုတ်၊ သမီးလည်းအခုဗိုက်မဆာသေးဘူး" နင်နင်ဆီရောင်ဝင်းနေတဲ့ဘဲကောင်လုံးကင်ဆီကနေအကြည့်လွှဲကာပြောလိုက်တယ်။ "ဆက်ကပ်ပွဲသွားကြည့်ရအောင်၊ ပြီးရင်ဒီကိုပြန်လာမယ်နော်"

သူတို့နှစ်ယောက်လက်ချင်းချိတ်ကာဆက်လျှောက်လာခဲ့တယ်။ လမ်းသွားလမ်းလာတစ်ယောက်က သူတို့ကိုသတိထားမိကာ နင်နင်ရဲ့မျက်နှာဖုံးကိုလှောင်ရယ်လို့လာတယ်။ နင်နင်ကစိတ်ထဲမထားပေမဲ့ သူဌေးချူကတော့အဲ့ဒီလူကိုလဲကျသွားအောင်ခြေထိုးခံပြီး သူ့ရဲ့လက်ကိုကျိုးသွားအောင်တက်နင်းချလိုက်တယ်။ တစ်ဖက်လူဒေါသထွက်ပြီးအော်ဟစ်တော့မယ့်အချိန်မှာပဲ သူဌေးချူကခေါင်းငုံ့ကာ အေးစက်စက်ပြောလိုက်တယ်။ "ငါတကယ်တော့မင်းရဲ့လည်မျိုကိုနင်းသတ်ချင်တာ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »حيث تعيش القصص. اكتشف الآن