{Unicode}
အခန်း ၁၈: အချစ်ကဘယ်လိုအရာလဲ?
လွန်ခဲ့တဲ့ဆယ်စုနှစ်တချို့အလွန်က ရုပ်ရှင်တစ်ခုကိုပြန်ရိုက်ဖို့အတွက် သေချာပေါက်ပြုပြင်ပြောင်းလဲမှုတွေလုပ်ရတယ်။ ဈေးကွက်ထဲဝင်ဆန့်နိုင်ဖို့အတွက် ပိုပြီးနူးညံ့တဲ့စာသားတွေရယ်၊ ပိုကောင်းတဲ့သရုပ်ဆောင်တွေရယ်၊ ပိုများတဲ့ရင်းနှီးမြှုပ်နှံမှုတွေရယ်၊ ပြီးတော့ဘယ်သူမှအလှမ်းမမှီနိုင်တဲ့ နာမည်ကျော်ဒါရိုက်တာတစ်ယောက်ရယ်။
နောက်ထပ်လူရွေးပွဲတစ်ခုစတင်လို့လာတယ်။
လီပေါ်ယွဲ့ပြောသလိုပဲ လူတွေကိုနာမည်ကြားယုံနဲ့တုန်ယင်စေလောက်တဲ့ နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်က လူရွေးပွဲမှာပေါ်လာခဲ့တယ်။ တစ်ယောက်ချင်းစီလူရွေးခံတယ်၊ တစ်ယောက်ချင်းစီအင်တာဗျူးခံတယ်။
နင်နင်အလှည့်ရောက်လာတဲ့အခါမှာ ချန်ကွမ်းချောင်ကသူ့ရဲ့ရုံးခန်းစားပွဲအနောက်မှာ လက်ပိုက်ကာထိုင်လို့နေတယ်။ သူကမေးလာတယ်။ "စကားနှစ်လုံးတည်းနဲ့ တစ္ဆေကိုဖော်ပြ"
နင်နင်: "မကောင်းဆိုးဝါး (妖怪)"
ချန်ကွမ်းချောင်: "သုံးလုံး"
နင်နင်: "ရုပ်ဆိုးတဲ့မကောင်းဆိုးဝါး (丑妖怪)"
တစ္ဆေရဲ့ဇာတ်ကောင်ဒီဇိုင်းက သူမဟာမွေးရာပါရုပ်ဆိုးတာဖြစ်တယ်။ သူမငယ်ငယ်တုန်းက ဆက်ကပ်ထဲကို မိဘတွေရောင်းစားတာခံရခဲ့တယ်။ ဆက်ကပ်ထဲမှာဒုက္ခသုက္ခပေါင်းစုံကိုခံစားပြီးတဲ့နောက်မှာ သူမထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပြီး ပြဇာတ်ရုံအဟောင်းကြီးထဲမှာပုန်းခိုနေထိုင်နေခဲ့တယ်။
နောက်ပိုင်းမှာပြဇာတ်ရုံကပြန်လည်မွန်းမံခံရကာ အဲ့ဒီကိုပြဇာတ်အဖွဲ့အသစ်တစ်ခုရောက်လာခဲ့တယ်။ သူမကအရိပ်ထဲမှာပုန်းခိုနေရင်း နေမင်းလိုနွေးထွေးတောက်ပတဲ့ ဇာတ်လိုက်လုယွင်ဟယ်ကို အမြဲတမ်းခိုးကြည့်နေတတ်တယ်။
ချန်ကွမ်းချောင်: "မင်းကပရိသတ်ကို ဘယ်လိုတစ္ဆေမျိုးချပြဖို့ရည်ရွယ်ထားလဲ?"
နင်နင်ခေါင်းငုံ့ကာခဏလောက်စဉ်းစားပြီးမှ ပြန်မော့လာပြီးအေးစက်စက်ရယ်လိုက်တယ်။ "သူတို့အားလုံးကိုကြောက်စိတ်မွှန်သွားအောင်လုပ်ပစ်မယ်!"
YOU ARE READING
ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »
Mystery / ThrillerFan translation of 这个电影我穿过 [I've Transmigrated Into This Movie Before] Author 梦魇殿下 [Mèngyǎn diànxià (Her Highness, the nightmare)] Status in COO 174 Chapters (+ 2 Extra Chapters) ©️ Cover illustration is fully credited to Z...