အခန်း ၁၁၀: စွန့်ပစ်လို့မရတဲ့လက်မှတ်တစ်စောင်

2.4K 476 75
                                    

{Unicode}

အခန်း ၁၁၀: စွန့်ပစ်လို့မရတဲ့လက်မှတ်တစ်စောင်

အတိတ်ကပြောင်းလဲသွားနိုင်တယ်။ လက်တွေ့ဘဝကလည်းပြောင်းလဲသွားနိုင်တယ်။ ဒါပေမဲ့ ဘဝရုပ်ရှင်ရုံကတော့ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပေ။

နင်နင်အရင်ကတည်းက အမြဲတမ်းအဲ့လိုမျိုးတွေးခဲ့တာဖြစ်တယ်။

"အရှေ့မှာအုပ်ဖွဲ့ရန်ဖြစ်နေကြတယ်ထင်တယ်" ကားဆရာက အနည်းငယ်ပူပန်တဲ့လေသံနဲ့ပြောလာတယ်။ "ဒီမှာပဲဆင်းချင်တာသေချာလား?"

သူပြောလို့အပြီးမှာပဲ လေထဲကနေလူတစ်ယောက်ပျံထွက်လာပြီး တက္ကစီပေါ်ကို ဘုန်းခနဲကျလာခဲ့တယ်။

သူမတို့နှစ်ယောက်လုံး လန့်ဖြန့်စွာအော်လိုက်မိပြီး အလိုအလျောက်အောက်ငုံ့လိုက်ကြတယ်။ စက္ကန့်အနည်းငယ်ကြာမှ နင်နင်ဖြည်းဖြည်းချင်း ခေါင်းပြန်မော့ကာ ကွဲအက်နေတဲ့ကားပြတင်းမှန်နဲ့ တက္ကစီအပြင်ဘက်မြင်ကွင်းကို သေချာစမ်းစစ်ကြည့်လိုက်တယ်။

ဘဝရုပ်ရှင်ရုံအရှေ့မှာ အားလုံးရှုပ်ယှက်ခတ်လို့နေတယ်။

မျက်နှာဖုံးနဲ့လူတွေက မြေကြီးပေါ်မှာလဲနေကြတယ်– အချို့ကပြင်းပြင်းထန်ထန်ဒဏ်ရာရထားပြီး အချို့ကဒဏ်နာအနည်းငယ်သာရထားကြတယ်– ဒါပေမဲ့ဒဏ်ရာအနည်းငယ်ပဲရထားတဲ့သူတွေတောင် မြေကြီးပေါ်မှာလူးလှိမ့်ပြီး ညည်းညူနေကြရတယ်။

အဲ့အချိန်မှာပဲ ဘဝရုပ်ရှင်ရုံထဲကနေ နောက်ထပ်မျက်နှာဖုံးနဲ့လူတွေ ပြေးထွက်လာကြတယ်။

သူတို့အားလုံးက အလယ်မှာရပ်နေတဲ့လူတစ်ယောက်ဆီကို အလောတကြီးပြေးလာနေကြတယ်– သူဌေးချူ။

"အားးး!!" သူတို့တွေအဆုတ်ကွဲမတတ် အော်ဟစ်လာတယ်။ ရုပ်ရှင်ရုံရဲ့ထိုင်ခုံခြေထောက်တွေက လက်နက်တွေလို၊ သူတို့ကရူးသွပ်သွားတဲ့ သေခါနီးလူတွေလိုပင်။

အဲ့ဒီအချိန်မှာကားတံခါးကို တစ်စုံတစ်ယောက်ကအပြင်ကနေ ရုတ်တရက်ဆွဲဖွင့်လာတယ်။ ကားထဲဝင်ထိုင်လာတာက ဆံနွယ်ထူထူကောက်ကောက်တွေနဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now