အခန်း ၁၁: စာသားလဲလှယ်ခြင်း

4.2K 657 1
                                    

{Unicode}

အခန်း ၁၁: စာသားလဲလှယ်ခြင်း

ချန်ကျွင်းယန့်ရဲ့ပုံရိပ်ကတဖြည်းဖြည်းဝေးသွားတာကိုမြင်ရတော့ နင်နင်ရင်ထဲမှာသက်ပြင်းချလိုက်တယ်။ နောက်ဆုံးတော့ ငါ့ရဲ့နားချိန်လေးရပြီ။

ချူနင်အာအတွက် ဒါကရေကန်ထဲမှာပိတ်မိနေတဲ့လိပ်ကို ပင်လယ်ထဲပြန်လွှတ်ပေးတဲ့ကစားပွဲပဲဖြစ်တယ်။ နင်နင်ကတော့ ချန်ကျွင်းယန့်တကယ်အောင်အောင်မြင်မြင်ထွက်ပြေးနိုင်ဖို့မျှော်လင့်တယ်။

ဘာဖြစ်တာလဲ? သူဘာဖြစ်လို့ဆက်မသွားဘဲရပ်လိုက်တာလဲ?

နင်နင်မျက်မှောင်ကြုတ်လိုက်တယ်။ သူဌေးချူကိုမျှားထုတ်၊ "သခင်မလေးရဲ့ကစားပွဲ"ကိုသရုပ်ဆောင်ပြီး ဝမ်မားကိုတောင်ဆွဲထားဖို့ သူမဘယ်လောက်တောင်အားထုတ်ထားခဲ့ရသလဲ။ သူထွက်ပြေးဖို့အခွင့်အရေးဖန်တီးပေးဖို့အတွက် ဘယ်လောက်တောင်ခက်ခဲလိုက်သလဲ... ပြီး‌တော့လည်း အဲ့ဒါတွေအားလုံးကို 'ဇာတ်ကောင်ကိုမဖျက်ဆီးရဘူး'ဆိုတဲ့ စည်းမျဉ်းအောက်ကနေလုပ်ခဲ့ရတာ! ဒါကသူမပြည့်ပြည့်စုံစုံသရုပ်ဆောင်နိုင်တဲ့ ပထမဆုံးအကြိမ်ပဲ! သူမဒုတိယတစ်ကြိမ်ပြန်လုပ်နိုင်မလားဆိုတာမသေချာဘူး!

ချန်ကျွင်းယန့်က တံခါးမကြီးရဲ့အရှေ့မှာပဲ သူ့ရဲ့ခြေလှမ်းတွေကိုရပ်လိုက်တယ်။

အပြင်လောကကိုရောက်ဖို့ခြေလှမ်းအနည်းငယ်သာလိုတော့တယ်ဆိုပေမဲ့ သူ့အတွက်တော့ အရမ်းကိုအလှမ်းဝေးနေတယ်လို့ခံစားရတယ်။

အချိန်တွေလွန်သွားတယ်... ကုန်သွားတဲ့တစ်စက္ကန့်ချင်းစီက သူလွတ်မြောက်ဖို့အခွင့်အ‌ရေးလည်း တဖြည်းဖြည်းကုန်ဆုံးလာနေပြီဆိုတာကိုဖော်ပြနေတယ်။ သူစိုးရိမ်မရိမ်တော့နင်နင်မသိဘူး၊ နင်နင်ကတော့ကြောက်စိတ်မွှန်နေပြီ!

ခြံဝင်းထဲမှာလေတစ်ချက်ဝှေ့သွားတယ်။ မြေကြီးပေါ်ကသစ်ရွက်ကြွေတွေက သူ့ရဲ့အမည်းရောင်ဖိနပ်ပိတ်သားအပေါ်လွင့်လာတယ်။ အဲ့ဒီဖိနပ်တစ်စုံကဦးတည်ရာပြောင်းကာ သူမဘက်ကိုနီးကပ်လို့လာတယ်။

"သခင်မလေး" သူ သူမဆီကိုတစ်လှမ်းချင်းစီလျှောက်လာရင်း ပြုံးလိုက်တယ်။ "ကျွန်တော်ပြန်လာပြီ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now