အခန်း ၁၅၁: ယဇ်ကောင်

1.8K 395 3
                                    

{Unicode}

အခန်း ၁၅၁: ယဇ်ကောင်

ပထမရက်၊ ရေမရှိပေ။

နင်နင်သူမရဲ့ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို လျက်လိုက်တယ်။ ပုစဉ်းရင်ကွဲတွေရဲ့အသံက ရေတွင်းအပြင်ဘက်ကနေ ထွက်ပေါ်လာနေတယ်။

"...ဘယ်ရောက်နေတာလဲ?" ခြောက်သွေ့နေတဲ့အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လို့လာတယ်။

နင်နင်ခေါင်းငုံ့ကြည့်လိုက်တော့ နိုးနေပြီဖြစ်တဲ့ဝမ်ယွီကို တွေ့လိုက်ရတယ်။ ရေတွင်းထဲဖြာကျနေတဲ့ နေရောင်ခြည်တန်းက သူ့ရဲ့ပွန်းပဲ့နေတဲ့မျက်နှာကို အလင်းပေးလို့ထားတယ်။

"ရေတွင်းထဲမှာ"

ဝမ်ယွီကလက်တစ်ဖက်နဲ့ထောက်ပြီး ထထိုင်ဖို့ကြိုးစားလာပေမဲ့ မအောင်မြင်ပါချေ။ သူ့ရဲ့ခေါင်းက နင်နင့်ရဲ့ဒူးပေါ်မှာလှဲနေရင်း သူမျက်လုံးတွေကိုမှိတ်ကာ ပြန်ဖွင့်ပြီးတော့ သူမကိုကြည့်လို့လာတယ်။ "ဘာဖြစ်လို့အဲ့လိုလုပ်ခဲ့တာလဲ?"

နင်နင်ခဏတာကြောင်သွားပြီးမှ နားလည်လိုက်တယ်။ ဝမ်ယွီက အစိမ်းရောင်အဝတ်အစားနဲ့လူကို မမြင်ရပေ။ သူမြင်လိုက်ရတာက ကိုယ့်သဘောနဲ့ကိုယ် ရေတွင်းထဲခုန်ချသွားတဲ့ နင်နင်ပဲဖြစ်တယ်။

နင်နင်သူ့ကိုဘယ်လိုရှင်းပြရမလဲဆိုတာကို စဉ်းစားနေတုန်းမှာပဲ ဝမ်ယွီကမေးလာတယ်။ "ခင်ဗျားမှာနောင်တရှိလား?"

...ဘာဖြစ်လို့ရုတ်တရက်ကြီး အဲ့ဒါကိုမေးတာလဲ? နင်နင်ခေါင်းညိတ်လိုက်တယ်။

"တစ်ယောက်ယောက်ကိုသဘောကျဖူးလား?" ဝမ်ယွီဆက်ပြီးတော့မေးလာတယ်။

နင်နင်ခဏတာတွန့်ဆုတ်နေပြီးနောက်မှာ ခေါင်းညိတ်လိုက်တယ်။

"ဝတ်ချင်ပေမဲ့ မဝတ်ရတဲ့အဝတ်အစားတွေ၊ စားချင်ပေမဲ့ မစားရတဲ့အစားအစာတွေ ရှိမှာပေါ့၊ ဟုတ်တယ်မလား?" ဝမ်ယွီကအနည်းငယ်ပြုံးလာတယ်။ သူ့ရဲ့မျက်နှာပေါ်ဖြာကျနေတဲ့ နေရောင်ခြည်က တောက်ပပြီးလှပပေမဲ့ သူ့ရဲ့အပြုံးလောက်တော့ မတောက်ပနိုင်ပါချေ။ "ဆိုတော့ ဘာအတွက်ကြောင့်နဲ့ စိတ်ဓာတ်ကျနေတာလဲ? ပြန်ပြီးငယ်လာတယ်၊ ဆယ်ကျော်သက်အရွယ်ကို ပြန်ရောက်လာတယ်၊ ပြန်ပြင်ဆင်လို့ရတဲ့အရာတွေ အများကြီးရှိမှာပဲလေ၊ နောင်တရတဲ့အရာတွေ အများကြီးကို ပြန်ဖာထေးလို့ရတယ်၊ ကောင်းတဲ့အရာပဲမဟုတ်လား?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now