Extra 7

2.1K 381 4
                                    

ယင်စန်စန်တို့အုပ်စုကလွဲရင် ကျန်တဲ့သူတွေအကုန် အလန့်တကြားဖြစ်ကုန်ကြသည်။

ဖုန်းယွမ်က အမြန်ထသွားပြီး စားပွဲထိုးကိုသွားရှာ၏။

စားပွဲထိုးမှာလည်း အခန်းထဲဝင်ဝင်ချင်း နေရာမှာတင်အေးခဲသွားတော့သည်။ ယင်ထောင်တို့တွေထိုင်နေကြတဲ့ခုံတွေကလွဲရင် အရာအားလုံးကျိုးကြေနေလေပြီ။ သူ ထိုကိစ္စကိုကိုင်တွယ်ရန် အမြန်မန်နေဂျာကိုခေါ်လိုက်ရသည်။

မန်နေဂျာက ဒါက ယင်ထောင်တို့တွေလုပ်တာလို့ထင်နေပြီး နောက်ဆုံး ရဲခေါ်လိုက်တာကြောင့် သူတို့တစ်ဖွဲ့လုံး ရဲစခန်းရောက်သွားကြတော့၏။ စစ်ဆေးမှုတွေပြုလုပ်ကြပြီးနောက် ဒါက လူတွေကြောင့်ပျက်စီးတာမဟုတ်ကြောင်း သက်သေထွက်လာသည်။

သူတို့တွေရဲစခန်းကနေထွက်လာချိန်မှာ ည၈နာရီခွဲနေလေပြီဖြစ်တာကြောင့် ယင်မင်က အမြန်ကျောင်းကိုပြန်ကာ ရုန်ချီကိုသွားရှာတော့သည်။

ကျန်သူတွေကတော့ ဗိုက်ဖြည့်ရန် နီးစပ်ရာ ညစျေးတန်းဆီသွားကြသည်။

ဘာကီက ထိုင်ချပြီးတာနဲ့ပြောလာသည်။

"ဒီနေ့က တစ်ကယ်ကိုကံမကောင်းဘူးကွာ.. ဘာအကြောင်းမှမရှိဘဲ သီးသန့်ခန်းထဲပေါက်ကွဲသွားတဲ့အပြင် သူတို့က ငါတို့လုပ်တာပါလို့တောင်ပြောလိုက်သေးတယ်"

ငတုံးအလှလေး - "မန်နေဂျာကတော့ ဘယ်လိုပြုမူရမလဲ သိသေးသားဘဲ.. ငါတို့ကိုမှားပြီးစွပ်စွဲမိမှန်းလည်းသိရော... မနက်ဖြန်ညကျရင် သူတို့ဘက်ကနေ ငါတို့ကို ပြန်အစားထိုးဒကာခံပါ့မယ်တဲ့... အဲ့ကျရင် အဝစားပစ်ရမယ်"

ကျိုယွီကျစ် - "လုံးဝမှန်တယ်!.. စျေးအကြီးဆုံးဟင်းပွဲတွေနဲ့ စျေးအကြီးဆုံးဝိုင်ကိုမှာပစ်မယ်"

ယိဝေချန်ဟွေး - "သူက ငါတို့ဒီသတင်းကိုဖြန့်ပြီး သူတို့ဂုဏ်သတင်းကို ဖျက်ဆီးပစ်မှာကြောက်နေတာ"

CreadSu က ဖြတ်ပြောလိုက်သည်။

"ဒီမကောင်းတဲ့ကိစ္စတွေမပြောကြနဲ့တော့... ငါတော့ ဗိုက်ဆာလို့သေတော့မယ်.. စားဖို့ တစ်ခုခုအရင်မှာရအောင်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now