*273* ဒိတ်ကြရအောင်

1.6K 311 7
                                    

ရုန်ယိ မေးလိုက်၏။

"ရှာတွေ့ပြီလား.. လုပ်ကြံသတ်ဖြတ်ရေးဂိုဏ်းက ကျွန်တော်တို့နဲ့ ရန်ငြိုးရှိလို့လား"

"မရှိပါဘူး"

ဖုန်းတစ်ဖက်မှ ရုန်ကျင်းက စာရွက်စာတမ်းတွေလှန်လှောရင်းပြောလာ၏။

"ငါ့အထင် သူတို့တွေက ငါတို့ရှာနေတဲ့သူတွေနဲ့ အရမ်းတူနေသလားလို့"

"ဘာ!... အစ်ကိုကြီးပြောတာက..."

"အဲ့အဖွဲ့အစည်းက ယင်ဟော့ယောင်တည်ထောင်ထားတာနဲ့ အရမ်းတူနေတယ်"

ရုန်ယိ လှမ်းလက်စခြေလှမ်းတွေ ရပ်တန့်သွား၏။ ရုန်ကျင်းပြောတာသာမှန်ခဲ့ရင် မနေ့ညက သူ့ကိုရန်သူပါလို့ပြောသွားတဲ့လူက ယင်ဟော့ယောင် ၊ ယွဲ့ချန် ၊ ကျိရှီနဲ့ စစ်ကျဲ့တို့ထဲက တစ်ယောက်ဖြစ်လိမ့်မည်။

ထို့နောက် ရုန်ကျင်းက ဆက်ပြောလာသည်။

"အဲ့အဖွဲ့အစည်းက ကျင့်ကြံရေးလောကနဲ့သေမျိုးလောကတို့ပေါင်းစပ်သွားပြီးတဲ့နောက်မှာ စတင်တည်ထောင်ခဲ့တာ. ဒါပေမဲ့ ဒီမနက် ငါအနောက်ပိုင်းတိုက်ကြီးက သူငယ်ချင်းတစ်ယောက်ကိုမေးလိုက်သေးတယ်.. ကမ္ဘာနှစ်ခုမပေါင်းစပ်သွားခင်တည်းက သူတို့တွေက ရှိနေခဲ့တာတဲ့.. အဲ့တုန်းကတော့ လုပ်ကြံသတ်ဖြတ်ရေးဂိုဏ်းလို့မခေါ်ခဲ့ပေမဲ့ ကျင့်ကြံသူလေးယောက်က လျှို့ဝှက်တည်ထောင်ခဲ့တာ.. အဲ့အချိန်တုန်းက အနောက်ပိုင်းတိုက်ကြီးက ကျင့်ကြံရေးလောကရဲ့တည်ရှိမှုကိုမသိသေးဘူး.. ဒါကြောင့်မလို့ အဲ့အချိန်တုန်းက လွှမ်းမိုးမှုတစ်ခုနဲ့ အဆင့်တစ်ခုရှိခဲ့တဲ့သူတို့တွေက ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုလို့ပြောလို့ရတယ်"

"ဒါဆို အခုလက်ရှိ သူတို့ရဲ့ကျင့်ကြံခြင်းကရောဘယ်လိုလဲ"

"ငါ့သူငယ်ချင်းပြောပုံအရတော့ သူတို့တွေက အနည်းဆုံးနှစ်တစ်သောင်းလောက် သက်တမ်းရှိနေပြီ.. အနောက်ပိုင်းတိုက်ကြီးကလူအတော်များများက သူတို့ကို မထိပါးရဲကြဘူး.. သူတို့ အဲ့နေရာမှာအခြေစိုက်ထားတဲ့အကြောင်းရင်းကလည်း ဒါကြောင့်ဘဲ"

"နှစ်တစ်သောင်းလောက်ရှိပြီ..."

"ဟုတ်တယ်.. သူတို့နေနေတာ နှစ်တစ်သောင်းလောက်ရှိနေပြီ... သူတို့ရဲ့သက်တမ်းအရဆိုရင်တော့ ကျင့်ကြံဆင့်ကလည်း နိမ့်မှာတော့မဟုတ်ဘူး..ဒါပေမဲ့ ငါ့အထင်တော့ လူတစ်ယောက်က ကောင်းကင်ဘုံစည်းမျဥ်းအောက်ကနေလွတ်နေပြီး အဆင့်တက်နိုင်မဲ့ မိုးကြိုးစမ်းသပ်မှုကိုမဖြတ်ကျော်ရရင် မဟာယာနအဆင့်မှာဘဲရှိနေကြမှာဘဲ... ဒါပေမဲ့ သာမန်မဟာယာနအဆင့်ကျင့်ကြံသူတွေထက်တော့ ပိုစွမ်းအားကြီးမှာပေါ့"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now