*276* ပြန်လည်မွေးဖွားခြင်း

3.7K 542 19
                                    

လူတိုင်း ကြက်သေသေကုန်ကြလေသည်။

ခေါင်းဆောင်က တစ်ခုခုမှားနေပြီဆိုတာ ခံစားလိုက်ရတာကြောင့် မှော်လက်နက်ကိုအမြန်သုံးကာ ယင်ဟန်ကိုသတ်ဖို့ကြိုးစားလိုက်သည်။

"မလုပ်နဲ့!"

ရုန်ယိနဲ့ ယင်မိသားစုကကျင့်ကြံသူတွေက သူ့ကိုအမြန်တားကြပေမဲ့ သူတို့ဘာမှတောင်မလုပ်ရသေးခင် ထိုခေါင်းဆောင်နဲ့သူ့လူတွေမှာ ယင်ဟန့်ခန္ဓာကိုယ်ကဖြာထွက်နေတဲ့အလင်းတွေကြောင့် ဆယ်မီတာလောက်ထိလွင့်ထွက်သွားကြကာ သွေးအန်ကုန်ကြ၏။

ထို့နောက်မှာ ရွှေရောင်အလင်းတန်းတွေက ပျောက်ကွယ်သွားတော့သည်။

"အားဟန့်.. ခင်ဗျားအဆင်ပြေရဲ့လား"

ရုန်ယိမှာ ယင်ဟန့်နံဘေးဆီအလျှင်အမြန်ပြေးသွားပြီး သူ့ခန္ဓာကိုယ်ကိုစစ်ဆေးကာ ဆေးတစ်ချို့သုံးပေးလိုက်၏။ ထိုခေါင်းဆောင်က ယင်ဟန့်ကိုထိခိုက်အောင်လုပ်ဖို့ကြိုးစားခဲ့တာ တွေးလိုက်မိပြီး ရုတ်ချည်းနောက်ပြန်လှည့်ကာ ထိုသူကို ဓားသွားလိုအကြည့်စူးစူးတွေပစ်လွှတ်လျက် ဓားရှည်နှစ်ချောင်းဆွဲကိုင်ကာ သူ့ဆီပြေးဝင်သွားလိုက်သည်။

"သွားကြစို့"

ခေါင်းဆောင်က လက်နဲ့သူ့ရင်ဘက်သူအုပ်ကိုင်ကာ သူ့ဓားပျံသုံးပြီး အမြန်ပျံသန်းသွားတော့သည်။

ကျန်သူတွေလည်း သူ့နောက်ကလိုက်ပါသွားကာ ထို့နောက်မှာတော့ အော်ဟစ်သံတွေထွက်ပေါ်လာတော့သည်။

ထိုနောက်ကလူတွေအကုန်လုံး ရုန်ယိရဲ့အဆုံးစွန်သောဓားချက်အောက်မှာ အပိုင်းပိုင်းဖြစ်ကုန်ကြကာ မြေပြင်ထက်ပြုတ်ကျကုန်တော့၏။

ထိုမြင်ကွင်းကိုတွေ့တဲ့အခါ ယင်မိသားစုကလူတွေမှာ ကြောက်လန့်မှုကြောင့် တုန်ရီသွားတော့သည်။

"လာကြ... ဒီကနေထွက်သွားကြရအောင်!"

သူတို့က ယင်ဟန့်ကိုခေါ်သွားဖို့ကြိုးစားနေတာတွေ့လိုက်တာကြောင့် ခေါင်းဆောင်နောက်လိုက်ဖမ်းနေတဲ့ရုန်ယိက ချက်ချင်း ပြန်ပြေးလာ၏။

"မင်းတို့တွေ သေချင်နေကြတာလား"

ရုန်ယိလိုက်မဖမ်းတော့တာကြောင့် ခေါင်းဆောင်မှာ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်မိပြီး အရှိန်မြှင့်ကာထွက်သွားတော့သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now