*300* လောင်ဖောလို့ခေါ်

2.4K 451 10
                                    

ရုန်ချီ စိုးရိမ်ပူပန်စွာမေးလိုက်သည်။
"ဆရာတော်.. တစ်နေရာရာမှာ မသက်မသာခံစားနေရတာရှိလား"

ဆရာတော်က သူ့ရဲ့ဝိုင်းဝိုင်းလှလှမျက်လုံးလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူနဲ့ယင်ယန်ကိုကြည့်လာပြီး မျက်လုံးထဲ ရှုပ်ထွေးနေဟန်တွေပေါ်လာကာ ကလေးသံလေးနဲ့မေးလေသည်။
"ဘယ်သူတွေလဲ"

ရုန်ချီ "..."

ယင်ယန် "..."

သူ့ဆေးက လူတွေကို မှတ်ဉာဏ်ပါပျောက်သွားစေတာလား..

ဘယ်ပါဝင်ပစ္စည်းက ဒီလိုဖြစ်စေတာလဲ..

ဒါမှမဟုတ် တစ်ခြားအကြောင်းအရင်းကြောင့်များလား..

ရုန်ချီ မေးလိုက်လေသည်။
"ကျွန်တော်ဘယ်သူဆိုတာ မမှတ်မိဘူးလား"

ဆရာတော်ကောဟွေက ခေါင်းခါပြလာ၏။

ရုန်ချီ စိုးရိမ်သွားသည်။
"ကျွန်တော်က ရုန်ချီလေ.. မှတ်မိလား"

ဆရာတော်က ခေါင်းသာထပ်ခါပြလေသည်။

"ဘယ်လိုလုပ် ဒီလို....."
ရုန်ချီ ယင်ယန်ကို ဒေါသတကြီးအော်တော့သည်။
"မင်းကြောင့်!.. မင်း သူ့ကို ဒီပေါက်ကရဆေးသာမတိုက်ခဲ့ရင် ငါဘယ်သူဆိုတာ သူမေ့သွားမှာမဟုတ်ဘူး... သူ့စိတ်ထဲ ငါ့ကိုအမြင်ကောင်းလေးကျန်ခဲ့အောင်နဲ့ သူငါ့ကိုယုံကြည်လာအောင် ငါ့မှာခက်ခက်ခဲခဲကြိုးစားခဲ့ရတာကို.. အခုတော့အကုန်လုံးသွားပြီ"

"သူ့စိတ်ထဲ အမြင်ကောင်းကျန်ခဲ့အောင် လုပ်နိုင်ခဲ့တာ သေချာလို့လား"

ရုန်ချီ "..."

ယင်ယန် သူ့ဆီကနေ ဆရာတော်ကိုချီကာ မေးလိုက်သည်။
"ကျွန်တော်တို့ဘယ်သူဆိုတာမမှတ်မိဘူးဆိုတော့.. ကိုယ့်ဘာသာဘယ်သူဆိုတာရော မှတ်မိလား"

ဆရာတော်က ခေါင်းခါကာ
"ငါကဘယ်သူလဲ"

ရုန်ယိ ဝမ်းနည်းနေတဲ့အမူအယာလေးနဲ့ပြောလိုက်သည်။
"မဟုတ်သေးပါဘူး.. သူ့ကိုယ်သူဘယ်သူဆိုတာတောင် မသိတော့ဘူးလား.. ဒီလိုသာဆို ငါသူ့ကိုတကော်ဘုံကျောင်းကို ဘယ်လိုပြန်ပို့ပေးရတော့မလဲ..သူတို့က သူတို့ကိုအရူးလုပ်ဖို့ ငါကြုံရာကျပန်းကလေးတစ်ယောက်ခေါ်လာတယ်လို့ ထင်သွားကြတော့မှာပေါ့"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now