Extra 11

1.8K 312 8
                                    

ယင်ထောင်က ယင်စန်စန်ပြန်လာတာတွေ့တဲ့အခါ အလန့်တကြားမေးလာသည်။
"စန်စန်.. မင်း ဒီည ပြန်မအိပ်တော့ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား"

ယင်စန်စန် ယောင်အာ့ကိုမတွေ့တာကြောင့် မေးလိုက်သည်။
"ယောင်အာ အခုထိပြန်မရောက်သေးဘူးလား"

"မင်း စားသောက်ဆိုင်က ထွက်သွားတာနဲ့ မင်းကိုလိုက်စောင့်ကြည့်မလို့ဆိုပြီး သူပါလိုက်ထွက်သွားတာလေ.. အခု မင်းပြန်ရောက်ပြီဆိုမှတော့ သူလည်း ခဏနေပြန်ရောက်လောက်မှာပါ"

ယင်ထောင်က ခေါင်းပြန်လှည့်သွားကာ ဂိမ်းဆက်ဆော့နေတော့သည်။

ယင်စန်စန် မျက်မှောင်ကြုတ်သွားသည်။ သူ့အထင်တော့ ဒီတစ်ကြိမ် ယောင်အာ အရမ်းစိတ်ဆိုးပြီး သူ့အိမ်သူပြန်ပြေးသွားတာဖြစ်မည်။ ယောင်အာ သူ့အပေါ်ရှိနေတဲ့  သူ့ရဲ့ခံစားချက်တွေက ညီအစ်ကိုလိုလား ချစ်သူလိုလားဆိုတာ ဘယ်အချိန်မှနားလည်နိုင်မလဲ သူမသိတော့။

ယင်ထောင် ကျန်းမုဘက်လှည့်မေးလိုက်သည်။
"ကော.. ကောတစ်ကယ်ကြီး မိန်းကလေးအကောင့်ဝယ်ချင်တာလား"

သူ့စကားကြားတဲ့အခါ ယင်စန်စန် ဂိမ်းဖိုရမ်ပေါ်မှာ မိန်းကလေးအကောင့်တွေကို စိတ်လှုပ်ရှားစွာရွေးနေတဲ့ ကျန်းမုကိုကြည့်လိုက်မိသည်။ သူ့ဘာသာသူတွေးလိုက်၏။

'ငါ့ယောင်အာက အခုဘယ်ရောက်နေမှန်းတောင်မသိတာကို သူတို့နှစ်ယောက်က ဘယ်လိုလုပ်ဒီလောက်ပျော်ရွှင်နေကြတာလဲ... မင်းတို့လည်း ငါ့ယောင်အာလေးနဲ့အတူ ဝမ်းနည်းပေးသင့်တာပေါ့'

သူမျက်လုံးတွေမှေးစင်းသွားကာ ပြောလိုက်သည်။
"အာ့ကော... ဝူရှောင်မိုင်ရဲ့အခန်းဖော်က မင်းကိုသဘောကျတယ်တဲ့.. ပြီးတော့ မနက်ဖြန်ညကျရင် ညစာအတူစားဖို့ ဖိတ်ခိုင်းလိုက်တယ်"

ဂိမ်းထဲစိတ်ရောက်နေတဲ့ယင်ထောင်က သူပြောတာကိုလုံးဝအာရုံမရှိဘဲ 'ညစာ' ဆိုတဲ့တစ်လုံးသာကြားလိုက်တာကြောင့် ပြန်ပြောလိုက်သည်။
"ရတယ်လေ"

ထို့နောက် ဘုန်းခနဲအသံနဲ့အတူ ကျန်းမုက မောက်စ်ကို ချိုးပစ်လိုက်လေသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now