ကျင့်ကြံသူအများစုမှာ အမျိုးစုံသောပါဝင်ပစ္စည်းတွေအတွက် လာခဲ့ကြခြင်းဖြစ်တာကြောင့် အပြင်ဘက်ခြမ်းမှာဘဲ ဖြေးဖြေးချင်းရှာဖွေနေကြသည်။ ရုန်ယိတို့နဲ့ အချို့လူတွေလောက်သာ ယင်ကျင်းရဲ့ သူ့စိတ်အာရုံနဲ့ရှာတွေ့လိုက်တဲ့နေရာဆီ တိုက်ရိုက်ပျံသန်းသွားကြသည်။
အတွင်းဘက်ရောက်လေ အပုပ်နံ့က ပိုဆိုရွားလာလေပင်။ မြင်ကွင်းကလည်းဖြေးဖြေးချင်းပြောင်းလဲသွားကာ အနက်ရောင်ကျောက်တုံးတွေပြည့်နှက်နေရာမှ သစ်ရွက်မရှိတဲ့ အဆုံးမရှိတဲ့သစ်တောကြီးဖြစ်လာသည်။ သစ်ပင်တစ်ပင်စီက မိစ္ဆာလက်သည်းတွေလိုဖြစ်ပြီး သစ်ကိုင်းတွေမှာ ဘာသစ်ရွက်မှမရှိပေမဲ့ အသက်တော့ရှင်နေသေးသည်။ သစ်ပင်ပင်စည်ကလည်း လူရဲ့ဝမ်းဗိုက်လိုမျိုး အထက်အောက်ရွေ့လျားနေလေသည်။
ထပ်ပြီးတော့လည်း ထိုနေရာမှာ အဆင့်နိမ့်ဖုတ်ကောင်တွေ ဦးတည်ရာမဲ့စွာ ခုန်သွားနေသေးသည်။ ရုန်ယိတို့အုပ်စု သူတို့ခေါင်းပေါ်မှဖြတ်ပျံသွားတာ တွေ့တာနဲ့ သူတို့အတွက်အစာတွေ့သလိုမျိုး ရုတ်ချည်းဟိန်းဟောက်လာကြသည်။ သူတို့ဖြတ်ပျံသွားတာကိုသာ မော့ကြည့်နေနိုင်တာကတော့ စိတ်မကောင်းစရာပင်။
အောက်ဘက်မှ ပြည့်ကျပ်နေတဲ့ဖုတ်ကောင်တွေကိုကြည့်ကာ ရုန်ချီတစ်ယောက် ကျေးဇူးတင်စိတ်အပြည့်နဲ့ပြောလိုက်မိသည်။
"ဒီဖုတ်ကောင်တွေ ဒီနေရာမှာပိတ်မိနေတာ တော်သေးတယ်.. သူတို့တွေသာအပြင်ဘက်လွတ်ထွက်သွားလို့ကတော့ ကမ္ဘာကြီးရဲ့အဆုံးသတ်ဖြစ်သွားတော့မှာဘဲ"
ရုန်ယိလည်းအံ့သြနေသည်။
"ဒီမှာဘာလို့ ဖုတ်ကောင်တွေဒီလောက်အများကြီးရှိနေရတာလဲ"ယင်ကျင်းရဲ့သူ့ကိုပြောလိုက်သည်။
"မီးခိုးရောင်မြူခိုးတွေက အမှန်တော့ အလောင်းတွေရဲ့အပုပ်ငွေ့တွေကနေဖြစ်ပေါ်လာတာ.. ကျင့်ကြံဆင့်နိမ့်တဲ့သူတွေဆို အလွယ်တကူကိုယ်ထဲဝင်ရောက်ခံရနိုင်ပြီး ဖုတ်ကောင်ဖြစ်သွားလိမ့်မယ်... ဒီကတစ်ချို့ဖုတ်ကောင်တွေက အလောင်းပုပ်ငွေ့တွေဆွဲဆောင်တာခံခဲ့ရတာ.. တစ်ချို့ကတော့ ပါဝင်ပစ္စည်းတွေလာရှာကြတဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေ"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**