ယင်ကျင်းရဲ့လည်း အတော်လေးဝမ်းသာသွား၏။ ဝမ်းသာစရာက ခဏလေးဘဲဖြစ်မှာစိုးတာကြောင့် သူရုန်ယိလက်ကိုတင်းကြပ်စွာဆုပ်ကိုင်လျက် သူ့ဝိညာဥ်စွမ်းအားကိုသုံးကာ ရုန်ယိကိုယ်ထဲစစ်ဆေးကြည့်လိုက်သည်။ သူ့ကိုယ်ထဲမှာ တစ်ကယ်ဘဲကလေးနှစ်ယောက်ရှိနေတာ အတည်ပြုပြီးတော့မှ သူ့အပြုံးမှာ ပိုပေါ်လာတော့သည်။
"မင်းကိုယ်ထဲ တစ်ကယ် ကလေးလေးနှစ်ယောက်ရှိနေတယ်"ယောင်အာနဲ့ကျန်းမုတို့ကလည်း စိတ်လှုပ်ရှားကာမေးလာ၏။
"ထောင်အာနဲ့စန်စန်တို့ ပြန်ရောက်လာပြီလား""အင်း"
ရုန်ယိ ခေါင်းငြိမ့်လိုက်သည်။ သို့သော်ငြားလည်း ယောက်ျားလေးတစ်ယောက်အနေနဲ့ ကလေးမွေးပေးဖို့ဆိုတာကတော့ အနည်းငယ်လက်သင့်မခံနိုင်စရာဖြစ်နေတုန်းပင်။ ဒါပေမဲ့လည်း ကလေးနှစ်ယောက်မျက်နှာထောက်ပြီး သူသည်းခံရမည်။ယောက်ျားလေးတစ်ယောက်က ကိုယ်ဝန်ရတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စဖြစ်ပေမဲ့လည်း ရုန်မိသားစုကလူအိုကြီးတွေကတော့ သူတို့အတွက် ပျော်နေကြသည်။
သခင်မကြီးက ပြုံးရွှင်ကာဆိုလာ၏။
"ကောင်းတဲ့အရာတွေဆိုတာက အတွဲလိုက်လာတတ်တယ်.. ငါတို့ ရှောင်ယိလက်ထပ်ပွဲအတွက် တတ်နိုင်သလောက်အမြန်ဆုံးပြင်ဆင်ရမယ်.. မဟုတ်ရင် သူ့ဗိုက်အရမ်းပူလာတဲ့အခါ တစ်ခြားသူတွေရဲ့အတင်းအဖျင်းတွေကို ဆွဲဆောင်မိသလိုဖြစ်ကုန်လိမ့်မယ်.. ပြီးတော့ အဲ့လိုဆို ကလေးတွေအတွက်ရော ရှောင်ယိအတွက်ပါမကောင်းဘူး"ကလေးတွေအတွက်သာဆို သူ့ကိုကျန်တဲ့သူတွေဘာပြောပြော ရုန်ယိကတော့လုံးဝဂရုမစိုက်ပေမဲ့ သူနဲ့အတူကလေးတွေကိုပါ အပြောမခံစေချင်ပေ။
ကျန်းမုနဲ့ယောင်အာတို့က ရုန်ယိရင်ခွင်ထဲပစ်ဝင်လာကြသည်။
"ကောင်းလိုက်တာ.. ထောင်အာနဲ့ စန်စန်တို့ပြန်ရောက်လာကြပြီ""ဟုတ်တယ်.. အရမ်းကောင်းတာဘဲ"
ရုန်ယိလည်း အပြုံးလေးနဲ့ပြန်ပြောလိုက်၏။သခင်မကြီးက ကျန်းမုနဲ့ယောင်အာကိုပြောလိုက်သည်။
"မင်းတို့ဖေဖေ မမွေးသေးခင်မှာ မင်းတို့ သူ့ရင်ခွင်ထဲ ဒီလိုခုန်ဝင်လို့မဖြစ်တော့ဘူးနော်.. အဲ့လိုလုပ်ရင် သူ့ဗိုက်ထဲက ကလေးလေးတွေကိုထိခိုက်မိစေလိမ့်မယ်"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**