ကလေးတွေက တစ်ကယ့်ကိုကြီးပြင်းတာမြန်လှသည်။ သိပ်မကြာခင်ဘဲ သူတို့တွေတက္ကသိုလ်သွားတက်ရတော့မည်ဖြစ်လေသည်။
ရုန်ယိတို့တွေမှာ ကလေးတွေနဲ့အတူ အတတ်နိုင်ဆုံးအချိန်ကုန်ဆုံးပေးခဲ့ကြပြီး ဒီကလေးတွေကြီးပြင်းတာ နည်းနည်းလောက်နှေးပေးပြီး သူတို့နားမှာသာ အမြဲရှိစေချင်ခဲ့ကြသည်။ သို့ပေမဲ့လည်း အဆုံးမှာတော့ ကလေးတွေအရွယ်ရောက်လာမှုကို သူတို့မတားနိုင်ကြ။ သူတို့ရဲ့အသက် ၊ အရပ်နဲ့ အတန်းတွေဟာ တဖြေးဖြေးတိုးလာကြကာ အခုဆို ကလေးတွေက ဆယ်ရှစ်နှစ်တောင်ပြည့်ပြီဖြစ်ပြီး မိဘနဲ့ခွဲကာ တက္ကသိုလ်ကအဆောင်သွားနေရတော့မည်ဖြစ်လေသည်။
ရုန်ယိမှာ သူ့ထက်တောင်အရပ်ရှည်နေပြီဖြစ်တဲ့ကလေးတွေကိုကြည့်ကာ ဝမ်းနည်းလာသလိုခံစားလိုက်ရသည်။ သူယင်ကျင်းရဲ့ဘက်လှည့်ကြည့်ကာပြောလိုက်၏။
"ကျွန်တော် သူတို့တွေ စကားပြောတတ်ခါစ လမ်းလျှောက်သင်ခါစအချိန်ကို အရမ်းသတိရတာဘဲ.. အဲ့တုန်းကဆို သူတို့တွေအရမ်းချစ်ဖို့ကောင်းခဲ့တာ... အခု သူတို့က ကျွန်တော့်နားတောင်မကပ်ကြတော့တဲ့အပြင် ကျောင်းကအဆောင်မှာတောင်သွားနေကြတော့မယ်တဲ့"ကိုယ်တိုင်အဝတ်တွေထည့်နေတဲ့ ယင်ထောင်မှာ ကူကယ်ရာမဲ့စွာပြောလာ၏။
"ဖေဖေကလည်း... အဖေသာခွင့်ပြုရင် သားတို့ကလည်း ဖေဖေ့နားကပ်ချင်တာပေါ့"သူတို့တွေ ဆယ့်ငါးနှစ်လောက်တည်းက သူတို့အဖေက သူတို့ကို သဘောမကျတာတွေများလာတော့သည်။ ဘာလို့လဲဆိုတော့ သူတို့ရုပ်ရည်က တဖြေးဖြေးနဲ့ သူတို့အဖေနဲ့ပိုပိုတူလာတာကြောင့်ဖြစ်၏။ ဒါကြောင့် သူတို့ ဖေဖေ့ကိုနမ်းတိုင်း အဖေက သူနဲ့ရုပ်တူတဲ့တစ်ယောက်ယောက်က သူ့လူကို သူ့ဆီကလုယူနေတယ်လို့ ခံစားရလေသည်။ သူ့ရဲ့ရှာလကာရည်ပင်လယ်ကြီးက အရှေ့ပိုင်းနယ်မြေကနေ အနောက်ပိုင်းတိုက်ကြီးထိ ဖုံးလွှမ်းပစ်ဖို့လုံလောက်သည်။ ပြီးတော့ သူတို့ကို သူတို့အဖေ အမြဲတမ်းပြောတတ်တဲ့စကားတစ်ခွန်းက 'ငါ မင်းတို့ကို ရှောင်ယိဗိုက်ထဲပြန်ထည့်ပြီး မင်းတို့ရုပ်ကို ပြောင်းပစ်လိုက်ချင်တယ်' တဲ့။
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**