*279* နောက်ဆုံးမင်းတို့နှစ်ယောက်အတူရှိနိုင်ကြပြီ

3.4K 489 39
                                    

ညဦးပိုင်း ရှစ်နာရီလောက်မှာ ရုန်ကျင်း ၊ ချီလန် ၊ ရုန်ကျစ်ယောင်နဲ့ ပိုင်ရှင်းဖေးတို့ ဖုမိသားစုရဲ့ဘိုးဘွားပိုင်အိမ်တော်ကြီးဆီရောက်လာကြပြီးနောက် ယင်ကျင်းရဲ့နဲရုန်ယိတို့ အဖြူရောင်ဒန်းပေါ်မှာ ပူးကပ်ထိုင်နေကြပြီး လကြည့်နေကြတာကို မြင်တွေ့လိုက်ကြသည်။

ရုန်ကျင်းနဲ့ချီလန်တို့မှာ နေရာမှာတင်အေးခဲသွားမိကြ၏။ ပထမဆုံး ယင်ကျင်းရဲ့ကို ယင်ဟန့်ရဲ့မြေး ယင်ကျင်းရဲ့ဟုထင်လိုက်ကြကာ ရုန်ယိတစ်ယောက် ယင်ဟန့်သေဆုံးမှုရဲ့ ပြင်းထန်လွန်းလှတဲ့ရိုက်ချက်ကိုမခံနိုင်ဘဲ သူ့မြေးဆီ အာရုံပြောင်းလိုက်တာဟု တွေးလိုက်မိကြသည်။ ဒါပေမဲ့ သေသေချာချာလေးကြည့်တော့မှသာ သူတို့ရှေ့ကယင်ကျင်းရဲ့ရဲ့အရှိန်အဝါက သူတို့အရင်ကတွေ့ဖူးတဲ့ယင်ကျင်းရဲ့နဲ့ ကွာခြားနေကြောင်း တွေ့လိုက်ရ၏။

ချီလန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်းက ငါ့ဆရာတူညီလေးလား"

ယင်ကျင်းရဲ့ 'အင်း' ဟုသာ ပေါ့ပေါ့လေးပြန်ဖြေလိုက်ကာ ရုန်ယိနဲ့ရုပ်ချင်းဆင်တဲ့ရုန်ကျင်းကို တွေ့လိုက်ရတဲ့အခါ သူ့မျက်လုံးထဲ အဓိပ္ပါယ်ပါပါအကြည့်တစ်ချက်ဖြတ်ပြေးသွား၏။

ရုန်ကျင်းကမေးလာသည်။
"ဘာတွေဖြစ်နေတာလဲ"

ရုန်ယိ သူ့ကို ကိစ္စတစ်ခုလုံးကိုအကြမ်းဖျင်းရှင်းပြလိုက်သည်။

ရုန်ကျင်းက ရုန်ယိပုခုံးကိုအသာပုတ်ကာ ဆိုလာ၏။
"ကံကောင်းလို့.. သူကယင်ကျင်းရဲ့ဆိုတာ မင်းခိုင်ခိုင်မာမာယုံကြည်ခဲ့ပြီး သေပြီးတာတောင်မှ သူ့ကိုလက်မလျှော့ခဲ့မိတာ"

အပြုံးလေးတစ်ပွင့်နဲ့အတူ ရုန်ယိ ယင်ကျင်းရဲ့လက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်လေသည်။

"တလော့ကျင်းမသေမျိုးနတ်ဘုရား!"
ချီလန်မှာတော့ ယင်ကျင်းရဲ့အဆင့်တက်သွားခဲ့ပြီဆိုတာကို လက်မခံနိုင်သေးပေ။ ပြောရရင်တော့ လွန်ခဲ့တဲ့နှစ်လက သူနဲ့ယင်ကျင်းရဲ့ကြားက ခြားနားချက်ကအလွန်သေးငယ်နေခဲ့ပေမဲ့ အခုတော့ ယင်ကျင်းရဲ့က သူလက်လှမ်းမမှီတော့တဲ့အထိရောက်ရှိသွားလေပြီ။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now