*296* နဂါးဂူ

2.3K 395 2
                                    

အနောက်ပိုင်းတိုက်ကသူတွေမှာ လုပ်ကြံသတ်ဖြတ်ရေးဂိုဏ်းခေါင်းဆောင်ကို အခုထိမမြင်ကြရသေးတာကြောင့် တစ်ယောက်က မနေနိုင်တော့ဘဲ ပြောလာသည်။

"သူတို့က အနောက်ပိုင်းတိုက်ကလို့ပြောထားပေမဲ့ သူတို့စိတ်ကတော့ အရှေ့ပိုင်းနယ်မြေဆီမှာဘဲရှိနေသေးတဲ့ပုံဘဲ.. အရှက်မရှိတဲ့ သူရဲဘောကြောင်တဲ့လူတွေ... နှစ်ဖက်လုံးကို အပြစ်ပြုမိမှာစိုးတာနဲ့ လာပြိုင်ဖို့သတ္တိမရှိတောင်မရှိကြတော့ဘူး"

"ငါတို့က သတ္တိမရှိဘူးလို့ ဘယ်သူပြောလဲ"

ပုံရိပ်လေးခုက လူအုပ်ရှေ့ပေါ်လာကာ အနောက်ပိုင်းတိုက်ဘက်ကနေကူကာ အရှေ့ပိုင်းနယ်မြေကကျင့်ကြံသူတွေကို တိုက်ခိုက်လာသည်။

ရုန်ယိတို့တတွေမှာ ယင်ဟော့ယောင်မှန်းတွေ့လိုက်တာနဲ့ ချက်ချင်းမျက်လုံးတွေရဲတက်လာကာ သူတို့အကုန်လုံးကို သွားသတ်ပစ်ချင်စိတ်သာရှိတော့သည်။

ကောင်းကင်ထက်လွင့်နေတဲ့ သလင်းလုံးတွေက ချက်ချင်းဘဲ အသံတွေထွက်လာကာ ရုန်ယိတို့ဘက်ကိုပျံသန်းလာသည်။

ယင်ကျင်းရဲ့ သလင်းလုံးတွေကို တစ်ချက်လှမ်းကြည့်လိုက်၏။

သလင်းလုံးတွေက ချက်ချင်းရပ်တန့်သွားကာ နေရာမှာတင် အသံမထွက်တော့ဘဲ မလှုပ်မယှက်ရှိနေကြတော့သည်။

ယင်ဟော့ယောင်က အသံမထွက်ဘဲ နှုတ်ခမ်းသာလှုပ်လျက် သူတို့ကိုပြောလာသည်။
"ငါတို့ကိုသတ်ဖို့က အဲ့လောက်မလွယ်ဘူး"

ရုန်ယိမှာ​ ဒေါသတကြီးဖြင့် သူ့ဓားရှည်ကိုဆွဲထုတ်လိုက်မိသည်။

ယင်ကျင်းရဲ့ သူ့ကိုအသံပို့ကာ ပြောလိုက်၏။
"ခဏလေး.. မင်းမြင်နေရတာက သူတို့ရဲ့ကိုယ်ပွားတွေ.. ခန္ဓာကိုယ်အစစ်မဟုတ်ဘူး.. သူတို့ရဲ့ခန္ဓာကိုယ်အစစ်က Budascarနဲ့မိစ္ဆာနဂါးနယ်မြေရဲ့အစပ်မှာ ရှိနေကြတုန်းဘဲ"

သူတို့ အလွယ်တကူလူလုံးထွက်မပြဘူးဆိုတာ ရုန်ယိလည်းသေချာပေါက်သိပေမဲ့ သူတို့ကိုတွေ့လိုက်တာနဲ့ သူတို့တွေ သူ့ကလေးတွေကို သတ်သွားတာကိုသာ သတိရတော့ပြီး သူ့စိတ်ထဲက အမုန်းတရားတွေက မီးတောင်လိုဆူပွက်လာတော့ကာ သူတို့တွေကို အပိုင်းပိုင်းအစစလုပ်ပစ်လိုက်ချင်စိတ်သာရှိတော့သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now