Extra 10

2.1K 345 2
                                    

ကော်ဖီဆိုင်က စားသောက်ဆိုင်မှနေ မီတာနှစ်ရာအကွာ၌ရှိသည်။ ယင်စန်စန် ကော်ဖီဆိုင်ကိုလာကာ ဝူရှောင်မိုင်လာတာကို စောင့်နေလိုက်သည်။

ဝူရှောင်မိုင်ရောက်တဲ့အခါ ယင်စန်စန်ရှေ့ ပျော်ရွှင်စွာဝင်ထိုင်လာ၏။
"အတန်းဖော်ယင်.. အကြာကြီးမစောင့်လိုက်ရပါဘူးနော် ဟုတ်တယ်မလား"

"ယင်ဟွေလို့ဘဲခေါ်ပါ"

"ဟုတ်ပြီလေ"

သူတို့နှစ်ယောက် ကာပူချီနို တစ်ခွက်စီနဲ့ အချိုပွဲအချို့မှာလိုက်သည်။

အပြင်ဘက်မှာပုန်းပြီး ဝူရှောင်မိုင်ရဲ့နောက်ဘက်ကနေ ချောင်းကြည့်နေတဲ့ ယောင်အာမှာ သူမဘာပြောလိုက်မှန်းမသိရဘဲ ယင်စန်စန်က ခေါင်းငြိမ့်ကာ ခပ်ဖွဖွပြုံးနေတာကိုသာမြင်လိုက်ရပြီး အပြုံးထဲ သတိမထားမိနိုင်လောက်အောင် နူးညံ့မှုလေးတစ်ခုပါနေ၏။ ယောင်အာမှာ ဒါကိုတွေ့တဲ့အခါ မနာလိုအားကျသွားပြီး အရမ်းလည်းစပ်စုကြည့်ချင်သွားသည်။

ဝူရှောင်မိုင် အခုလေးတင်ဘာပြောလိုက်လဲဆိုတာ သူသိချင်နေသည်။ သူအကုန်ကြားရပေမဲ့ ဝူရှောင်မိုင်ပြောတဲ့ နောက်ပိုင်းစကားလုံးတွေ သူဘာလို့မကြားလိုက်ရတာလဲဆိုတာလည်း သိချင်နေသည်။ ဝူရှောင်မိုင်က ဘာမှမပြောလိုက်တာများလား။

ယောင်အာ ထိုနှစ်ယောက်ကိုစောင့်ကြည့်ဖို့အတွက် သူ့ရဲ့စိတ်အာရုံကိုဖြန့်ကျက်လိုက်သည်။

ထိုအချိန်၌ စားပွဲထိုးလေးက သစ်သီးကိတ်လေးတစ်စိတ်သယ်လာ၏။

ဝူရှောင်မိုင်က ကိတ်ပေါ်ကသစ်သီးစိတ်လေးကိုကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
"ငါ နဂါးမောက်သီးမကြိုက်ဘူး"

"ငါအသီးစားလိုက်မယ်.. မင်းကိတ်စားလိုက်လေ"
ယင်စန်စန်က အလိုက်တသိ သူ့ခက်ရင်းနဲ့ သစ်သီးကိုဖယ်ပေးလိုက်၏။

ဝူရှောင်မိုင်က တောက်ပစွာပြုံးပြလာသည်။
"ကျေးဇူးတင်ပါတယ်"

"နဂါးမောက်သီးမကြိုက်မှတော့ ဘာကိစ္စ ဒီကိတ်ကိုမှာသေးလဲ.. ဒီကောင်မစုတ်လေးကတော့.. ရည်ရွယ်ချက်ရှိရှိလုပ်နေတာ သေချာပေါက်ဘဲ"
ယောင်အာမှာ ထိုတရင်းတနှီးမြင်ကွင်းကို တွေ့လိုက်တဲ့အခါ  ဒေါသတွေထွက်လွန်းလို့ သွားတွေတစ်စစီဖြစ်တဲ့ထိ အံကြိတ်မိလုနီးပါးပင်။ သူ့ဘာသာသူတောင်မသိလိုက်ဘဲ သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေ ထုတ်လွှတ်လိုက်မိတာကြောင့် ပတ်ပတ်လည်ကအပင်တွေကို အရူးအမူးကြီးထွားလာစေတော့သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now