တစ်ယောက်ကမေးလိုက်သည်။
"နှစ်ဖက်ရဲ့လူအရေအတွင်က မညီဘူးလေ.. ဒီတော့ တစ်ဖက်အတွက်ကမမျှတဘူး.. ပြီးတော့ အနိုင်ကို ဘယ်လိုဆုံးဖြတ်မှာလဲ"မှော်ဆရာချုပ်ကြီးကပြော၏။
"ငါ့ရဲ့သလင်းလုံးတွေက နှစ်ဖက်ရဲ့ လူအရေအတွက်ကို ရေတွက်ပေးနိုင်တယ်"သူ့စကားဆုံးတာနဲ့ နှစ်ဖက်လုံးရဲ့ သလင်းလုံးတွေမှာ နံပါတ်ပေါ်လာလေသည်။ အရှေ့ပိုင်းနယ်မြေရဲ့လူအရေအတွက်က အနောက်ပိုင်းထက်ပိုများနေ၏။ ဒါကြောင့် ရွှေအမြုတေအဆင့်ကသူတွေကို ပထမဆုံးထွက်စေလိုက်သည်။ ဒီလိုမှ နှစ်ဖက်ရဲ့လူအရေအတွက်တူညီသွားတော့သည်။
မှော်ဆရာချုပ်ကြီးကပြော၏။
"အချိန်ကို နှစ်ရက်သတ်မှတ်လိုက်မယ်.. အခုကနေ မနက်ဖြန်ည ၁၂ နာရီထိ.. ကျန်ခဲ့တဲ့လူအရေအတွက်ပိုများတဲ့ဘက်က နိုင်တယ်.. အကုန်လုံးအဆင်ပြေကြရဲ့လား"သူတို့တွေလည်း အချင်းချင်း ပြန်ကြည့်ကာ ပြောလိုက်သည်။
"ရတယ်.. ဘာပြဿနာမှမရှိဘူး""အကုန်အဆင်ပြေတယ်ဆိုမှတော့.. စကြတာပေါ့"
ရုတ်တရက် လူတိုင်းပုံစံက အနိုင်ရဖို့ဆုံးဖြတ်ထားကြဟန်ပေါ်လာသည်။
လူသန်ကြီးမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်တွေက အနောက်ပိုင်းတိုက်ကြီးမှာတော့ ကြောက်စရာအကောင်းဆုံးမျိုးနွယ်တွေပင်။ သူတို့က ထိုစကားကိုကြားကြားချင်းဘဲ အရှေ့ပိုင်းနယ်မြေဆီ ဒေါသတကြီးပြေးဝင်သွားကြသည်။ သူတို့ပြေးလွှားနေတဲ့ အောက်ကမြေကြီးမှာတုန်ခါနေကာ မသိရင် ငလျှင်ကြီးလှုပ်နေသလိုဖြစ်နေပြီး အက်ကြောင်းများစွာပေါ်လာ၏။
သူတို့ရဲ့ သူများထက်စာရင်ပိုအားနည်းတဲ့ခန္ဓာကိုယ်တွေကြောင့် မှော်ဆရာတွေ စုန်းတွေနဲ့ ဘုန်းတော်ကြီးတွေက နောက်ကိုပြန်ဆုတ်သွားကြသည်။
အရှေ့ပိုင်းနယ်မြေက ကျင့်ကြံသူတွေကလည်း ချက်ချင်းဘဲ ခုခံရေးအစီအရင်တစ်ခုလုပ်လိုက်ကာ သူတို့ရဲ့တိုက်ခိုက်မှုတွေကို ကာကွယ်ထားလိုက်သည်။
အနောက်ပိုင်းတိုက်ကြီးမှ နတ်သူငယ်မျိုးနွယ်စုကလည်း အစ်ိအရင်ချိုးဖျက်တဲ့မြှားတွေနဲ့ အမြန်ပစ်လွှတ်ကာ ချိုးဖျက်ကြသည်။
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**