ခြံစည်းရိုးနံရံအပြင်ဘက်၌ ရွာသားတွေက လှေကားသုံးကာ ခြံစည်းရိုးကိုကျော်တက်လာကြသည်။
ယင်မင်က သူတို့ရဲ့ ရီဝေနေတဲ့ အကြည့်တွေကိုတွေ့တာနဲ့ သူတို့တွေ တစ်ခြားသူရဲ့ စိတ်ထိန်းချုပ်ထားတာ ခံနေရကြောင်း သိသွားကာ ချက်ချင်း တံခါးဖွင့်ပြီး ထွက်သွားလိုက်သည်။
"အားမင်... မင်း.."
ဟွမ်ယွမ် သူ့ကို မထွက်သွားဖို့ တားချင်ခဲ့ပေမဲ့ သူ့မှာ ရွာသားတွေကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေတာ မြင်ရတဲ့အခါ ပြောမဲ့စကားကို ပြန်ပြောင်းပြောလိုက်သည်။
"မင်း ဂရုစိုက်ဦးနော်"ရဲတွေက သူ့ကို အမြန်အော်ပြောလာကြသည်။
"ဟိုကောင်လေး.. မြန်မြန် ပြန်လာခဲ့!.. သူတို့မှာက လူတွေအများကြီး ပြီးတော့ သူတို့တွေက စိတ်လွတ်နေကြပြီ.. မင်း အခုချိန် ထွက်သွားရင် သေဖို့ တစ်ခုဘဲ ရှိတယ်ကွ!"ယင်မင်က အဆောင်စာရွက်တစ်ခုထုတ်ကာ ရွာသားတွေဆီ ပစ်လွှတ်လိုက်သည်။ ဖူးခနဲ အသံနဲ့အတူ အဝါရောင်အဆောင်စာရွက်က လျှင်မြန်စွာ လောင်ကျွမ်းသွားပြီး ပြာတွေက ရွာသားတွေဆီ လွင့်သွား၏။
နေ့ခင်း မွန်းတည့်ချိန်ကြီးမှာ နေရောင်က တောက်ပစွာဖြာကျနေတာကြောင့်လားတော့ မသိပေမဲ့ ယင်မင်ရဲ့ပတ်ပတ်လည်မှာ ရွှေရောင်အလင်းတစ်လွှာ ဝန်းရံနေတာ လူတိုင်းတွေ့လိုက်ကြရသည်။ အဆောင်စာရွက်ရဲ့ ပြာမှုန်တွေက ကြယ်ကြွေသလိုမျိုး ရွာသားတွေရဲ့ ခန္ဓာကိုယ်ပေါ် ပြန့်ကျဲကျသွားသည်။ ထို့နောက်မှာတော့ ရွာသားတွေရဲ့ ခန္ဓာကိုယ်တွေမှာ လှုပ်ရှားမှုတွေ ရပ်တန့်သွားကြပြီး အပ်စိုက်ခံလိုက်ရသလိုမျိုးပင်။ ထို့နောက် မျက်လုံးတွေထဲက သွေးရောင်တွေမှာ တဖြေးဖြေး ပြန်ကြည်လင်လာကြ၏။
"အာ... ငါ ဘယ်ရောက်နေတာလဲ"
ရွာသားတစ်ယောက်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး
"ဒါ လောင်ဟွမ်ရဲ့အိမ် မဟုတ်ဘူးလား.. ငါက ဘာလို့ ဒီရောက်နေရတာလဲ"တစ်ခြားရွာသားတွေလည်း တဖြေးဖြေးနဲ့ သတိပြန်ဝင်လာကြသည်။
"ငါမှတ်မိတာတော့ ရွာလူကြီးအိမ်အပြင်ကနေ ရှောင်ယွမ်တို့မိသားစုအတွက် တရားမျှတမှုရအောင် လုပ်ပေးဖို့ ရွာလူကြီးကို ပြောနေတာပါ.. ငါက ဘာလို့ ရှောင်ယွမ့်အိမ်ကို ရောက်လာရတာလဲ"

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Fiksi SejarahI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**