*275* ငါတို့ထပ်တွေ့ကြပြန်ပြီ

3.2K 501 11
                                    


ယင်ကျင်းရဲ့ ချက်ချင်းဘဲ သူ့လူတွေကို ရုန်ယိနောက်လိုက်ခိုင်းလိုက်ရသည်။

ဒါပေမဲ့လည်း လွှတ်လိုက်တဲ့လူတွေက ရုန်ယိလောက်စွမ်းအားမကြီးတာကြောင့် ဘယ်လိုလုပ်သူ့ကိုလိုက်ဖမ်းလို့ရပါ့မလဲ။ ဆေးရုံထဲကမထွက်ရသေးခင်မှာပင် ရုန်ယိကို သူတို့ပျောက်သွားကြတော့သည်။

ဒီတော့ ပြန်သာလာခဲ့ရ၏။

"မစ္စတာရုန် ပျံသွားတာအရမ်းမြန်လွန်းပါတယ်.. ကျွန်တော်တို့သူ့ကိုပျောက်သွားတယ်"

ယင်ကျင်းရဲ့ မျက်နှာမည်းမှောင်သွား၏။

ရုန်ကျင်း သူ့ကိုပြောလိုက်သည်။

"မစ္စတာယင်.. ရှောင်ယိက အကြီးအကဲယင်ရဲ့ခန္ဓာကိုယ်ကို ပျက်စီးအောင်မလုပ်ပါဘူး.. သူ့ကို စိတ်ငြိမ်သွားအောင် ရက်အနည်းငယ်လောက်လွှတ်ထားပေးလိုက်ပါ"

ရုန်ချီကလည်း မျက်လုံးတွေရဲလျက်ဝင်ပြောလာသည်။

"ရှောင်ယိက သူချစ်ရတဲ့လူကိုဆုံးရှုံးသွားရလို့ တစ်ခြားလူတိုင်းထက်ပိုဝမ်းနည်းနေတာ.. သူ့ကို အကြီးအကဲယင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ခွင့်တော့ ပေးလိုက်ပါ"

"ကျွန်တော့်အဘိုးရဲ့ခန္ဓာကိုယ်နဲ့ သူပြန်ရောက်မလာခဲ့ရင်ရော"

ရုန်ချီက ခပ်တိုးတိုးဆိုလာ၏။

"ဒီလိုမျိုးကိစ္စကို ရှောင်ယိက တစ်ကယ်ကြီးလုပ်လောက်တာဘဲ"

ယင်ကျင်းရဲ့ "..."

"အော်မီတော်ဖော်"

ဆရာတော်က ပြောလိုက်၏။

"ဒကာလေးယင်.. ဒကာလေးရုန်က ဒကာကြီးယင်ရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းစောင့်ရှောက်ပေးမှာပါ"

ဆရာတော်ကပါ ရုန်ယိအတွက် ဝင်ပြောပေးလာပြီဖြစ်တာကြောင့် ယင်ကျင်းရဲ့အနေနဲ့ ထပ်ပြောလို့မသင့်တော်တော့။ ဒါ့အပြင် ရုန်ယိက တစ်ခြားသူတွေအကုန်လုံးထက် ပိုဝမ်းနည်းနေလောက်သည်။ ဒါကြောင့်သာမဟုတ်ရင် သူ သူ့အဘိုးခန္ဓာကိုယ်ကို ရုန်ယိကိုယူသွားခွင့်ပေးမှာမဟုတ်ပေ။

သက်ပြင်းချကာ ဆရာဝန်ကိုပြောလိုက်သည်။

"ဆေးပစ္စည်းတွေ စက်တွေအတွက် ပိုက်ဆံက..."

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now