*280* ညမိစ္ဆာ

3.7K 520 35
                                    

ခန်းမထဲကလူတိုင်း အပြင်ဘက်ကိုလှမ်းကြည့်လိုက်မိကြသည်။

ကောင်လေးလှလှလေးတစ်ယောက် အိမ်ထဲပြေးဝင်လာလေသည်။ ထိုကောင်လေးက လှေကားကဆင်းလာတဲ့ရုန်ကျစ်ယောင်ကိုတွေ့တာနဲ့ မျက်နှာအမူအယာပြောင်းသွားကာ သုန်မှုန်သွားတော့သည်။
"မင်းဒီကိုဘာလာလုပ်ပြန်တာလဲ"

ရုန်ကျစ်ယောင် စိတ်ရှုပ်ထွေးလျက်ပြန်မေးလိုက်မိသည်။
"မင်းက..."

ထိုကောင်လေးက သူ့ရဲ့လူကြီးအသွင်ကိုအမြန်ပြန်ပြောင်းလိုက်ကာ သူ့ဆံပင် အသားအရည်နဲ့ မျက်လုံးတွေက အစိမ်းရောင်ပြောင်းသွားပြီး ဘယ်သူမဆို သူကမိစ္ဆာတစ်ယောက်ဆိုတာ ပြောနိုင်သည်။
"ရုန်ကျစ်ယောင်.. အထင်ကြီးစရာဘဲ!.. ငါ့ကို ဒီနေရာထိတောင်လိုက်ဖမ်းတယ်ပေါ့လေ.. ပိုင်ရှင်းဖေးဆိုတဲ့လူကို ငါမသိဘူးလို့ မင်းကို ရှင်းရှင်းလင်းလင်းပြောထားပြီးပြီနော်.. တစ်ခါမှတောင်မကြားဖူးဘူး.. မင်းငါ့ကိုဆက်နားပူနားဆာလုပ်ပြီး ငါ့အဖေပြန်ကုစားနေတာကို နှောင့်ယှက်ရင် နောက်ပိုင်း သူ့အကြောင်းသတင်းရှိလာရင်တောင် မင်းကိုမပြောပြဘူး"

ရုန်ကျစ်ယောင်မှာ တအံ့တသြနှင့်မျက်ခုံးတွေပင့်သွား၏။
"မင်းက ညမိစ္ဆာလား"

သူ့ရဲ့ 'ညမိစ္ဆာ' ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့  သူ့ရှေ့မှာရုန်ကျစ်ယောင်ကွယ်နေတာကြောင့် မမြင်ရတဲ့ရုန်ယိမှာ ယင်ကျင်းရဲ့ဘက်လှည့်ကာ ယောင်အာဟုတ်မဟုတ် အကြည့်နဲ့မေးလိုက်သည်။

ယင်ကျင်းရဲ့က ခေါင်းငြိမ့်ပြလာသည်။

သူ့နောက်ကလိုက်ဆင်းလာတဲ့ ပိုင်ရှင်းဖေးက မေးလာ၏။
"ကျစ်ယောင် သူကဘယ်သူလဲ"

သူ့ဘက်လှည့်ကာ ရုန်ကျစ်ယောင် ရှင်းပြလိုက်သည်။
"ကျုံးကုနယ်မြေက မိစ္ဆာတောအုပ်ကြီးအဖြစ်ပြောင်းသွားပြီး စွမ်းအားကြီးရှေးဟောင်းမိစ္ဆာတစ်ကောင်အုပ်ချုပ်နေတယ်လို့ ငါမင်းကိုပြောဖူးတယ်လေ.. အခု ငါ့ရှေ့မှာရပ်နေတဲ့သူက အဲ့ညမိစ္ဆာဘဲ.. မင်းသတင်းရမလားဆိုပြီး ငါသူ့ကိုအရင်က အကြိမ်တော်တော်များများ အနှောင့်အယှက်သွားပေးဖူးတယ်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now