မထွက်သွားခင်မှာ ယင်ကျင်းရဲ့ ရုန်ယိနှုတ်ခမ်းထက်နမ်းလိုက်ကာ ပြောလိုက်၏။
"ကိုယ်တောင်းပန်ပါတယ် ရှောင်ယိ"ယောင်အာမှာ နားမလည်ဖြစ်နေသည်။
"အဖေ ဖေဖေထိခိုက်မှာမတွေ့ချင်မှတော့ ဘာလို့ သူ့ကို တုရှန်းမြို့ကို လာခွင့်ပေးခဲ့သေးလဲ"ယင်ကျင်းရဲ့ ရုန်ယိနဖူးထက်က ဆံစလေးတွေကိုအသာဖယ်ပေးလိုက်သည်။
"ငါသာ သူ့ကိုလာခွင့်မပေးလိုက်ရင် သူသေချာပေါက်စိတ်ဆိုးသွားလိမ့်မယ်.. ဒေါသထွက်တာက ကိုယ်ဝန်ကိုအလွယ်တကူထိခိုက်စေတယ်... ပြီးတော့ သူအကြာကြီးစိတ်ဆိုးနေနိုင်ပြီးတော့ ထောင်အာနဲ့စန်စန်တို့ မွေးပြီးမှဘဲ သူငါ့ကိုခွင့်လွှတ်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်.. ဒါကြောင့်မလို့ သူ့ကိုလာခွင့်ပေးလိုက်ပြီး စစ်ကျဲ့နဲ့တစ်ခြားသူတွေ သူ့ရှေ့သေသွားတာကို သူကိုယ်တိုင်မြင်တွေ့ခွင့်ပေးလိုက်တာက ပိုကောင်းတယ်လေ.. ဒီလိုဆို သူဒေါသထွက်လည်းနည်းနည်းဘဲထွက်ပြီး နည်းနည်းလောက်ချော့လိုက်တာနဲ့ စိတ်ပြေသွားလိမ့်မယ်"ယောင်အာက တိတ်တဆိတ်နဲ့ ကိုယ်ဝန်ဆောင်လမ်းညွှန်ကိုထုတ်လိုက်ပြီး ထိုထဲမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက မကြာခဏ စိတ်အခြေမတည်မငြိမ်ဖြစ်တတ်ကြောင်း ၊ ဒေါသတွေအလွယ်တကူပေါက်ကွဲတတ်ကြောင်း ၊ ကိစ္စအသေးအမွှားလေးတွေကြောင့် ငိုတတ်ကြောင်း ပြောထားလေသည်။ အကယ်၍ သူတို့စိတ်အတက်အကျအရမ်းများလွန်းရင် ကလေးကိုပါထိခိုက်စေလိမ့်ပေမည်။
သူ ကိုယ်ဝန်ဆောင်လမ်းညွှန်ကိုပိတ်ကာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်.. ဖေဖေ ဒေါသထွက်တာတွေ ဘာတွေဖြစ်လို့မရဘူး"ယင်ကျင်းရဲ့သူ့ကိုတစ်ချက်ကြည့်လိုက်ကာ
"မင်း ကိုယ်ဝန်ဆောင်လမ်းညွှန်ကို ဝယ်ထားတယ်ပေါ့""အဖေလည်း ဝယ်ထားတာဘဲမဟုတ်ဘူးလား"
ယင်ကျင်းရဲ့က အနေရခက်စွာ ချောင်းတစ်ချက်ဟန့်လိုက်သည်။
"ငါဝယ်ခဲ့တာက မင်းတို့ဖေဖေနဲ့ကလေးတွေကိုစိုးရိမ်လို့လေ""သားရောဘဲလေ"
ယောင်အာက အိပ်ရာဝင်ပုံပြင်စာအုပ်တွေတစ်ထပ်ကြီးထုတ်ကာ ပြောလိုက်သည်။
"ကောကောတို့အတွက် ဒါတွေလည်းဝယ်ထားသေးတယ်.. ညတိုင်း သူတို့ကိုဖတ်ပြလို့ရတယ်လေ"

YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
أدب تاريخيI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**