*270* ဘယ်သူလဲ

2.9K 447 29
                                    

ရုန်ယိမှာ ယင်ဟန့်သူ့ကိုစိတ်ဆိုးနေမှာစိုးတာ​ကြောင့် ဆရာတော့်အခန်းထဲပြန်ကာ နာရီအနည်းငယ်လောက်သွားပုန်းဖို့ စီစဥ်လိုက်သည်။ သူစိတ်မတိုတော့တဲ့အချိန်မှ သူပြန်လာတော့မည်။

သူဟောခန်းထဲလျှောက်သွားတဲ့အချိန် ယင်ကျင်းရဲ့က သူ့ဆီတည့်တည့်လျှောက်လာနေ၏။

ရုန်ယိ မျက်ခုံးတွေပင့်သွားသည်။ ဘာလို့ ယင်ကျင်းရဲ့နဲ့တစ်ထပ်တည်းတူပြီး နာမည်ပါတူနေတဲ့လူတစ်ယောက် ရှိနေမှန်း သူလည်းနားမလည်ပေ။ ဒါပေမဲ့ ထိုလူက သူရှာနေတဲ့လူတော့ဟုတ်မနေခဲ့။ ထိုအစား သေတော့မယ့်လူအိုကြီးကသာ သူ့ချစ်သူဖြစ်နေခဲ့သည်။ သူတို့ရဲ့ခန္ဓာကိုယ်တွေ ပြောင်းသွားကြတာများလား။

ထိုအတွေးကြောင့် မျက်လုံးတွေအရောင်တောက်သွား၏။  ဘယ်လိုဘဲဖြစ်ပါစေ အခုလက်ရှိ ယင်ဟန့်ရဲ့အခြေအနေအရ ခန္ဓာကိုယ်အလွတ်တစ်ခုရှာတွေ့ခဲ့မယ်ဆိုရင်တောင်မှ သေခါနီးလူတစ်ယောက်က တစ်ခြားတစ်ယောက်ရဲ့ကိုယ်ထဲမှာအသက်ရှင်နေဖို့ အခွင့်အရေးကနည်းပါးလှသည်။ ထို့သို့မဟုတ်ပါက ဒီလောကမှာ တစ်ခြားလူခန္ဓာကိုယ်ကိုအပိုင်စီးကြတဲ့ စွမ်းအားကြီးလူတစ်စုရှိနေကြလိမ့်မည်။

ဒါ့အပြင် ယင်ဟန့်သာထိုသို့လုပ်ချင်တဲ့ဆန္ဒရှိနေပါက အခုချိန်ထိ သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ထဲမှာသာ နေနေလိမ့်မည်မဟုတ်။

ယင်ကျင်းရဲ့က ရုန်ယိရှေ့တည့်တည့်မှာရပ်သွားကာ မေးလာသည်။
"ဖုသခင်ကြီးရဲ့မွေးနေ့ပွဲမတိုင်ခင်က ငါတို့တစ်နေရာရာမှာ တွေ့ဖူးကြသေးလား"

"ဘာလို့ ဒီလိုမေးတာလဲ"

"မင်းကို ထူးထူးခြားခြားရင်းနှီးနေတယ်လို့ ခံစားနေရလို့.. ငါတို့အချင်းချင်း အချိန်အကြာကြီးသိကျွမ်းခဲ့သလိုမျိုးလေ"
ယင်ကျင်းရဲ့က သူ့နဖူးသူပွတ်လိုက်ကာ
"မင်းဆီမှာ အမေတစ်ယောက်နဲ့ ဆရာတူအစ်ကိုတစ်ယောက်ရှိတယ်လေ.. သူ့နာမည်က.. ပိုင်...ပိုင်..."

အကြာင်းအရင်းမရှိဘဲ သူ့ခေါင်းထဲ၌ ကိစ္စအများအပြားထိုးထည့်ခံထားရသလိုမျိုး အနည်းငယ်ရှုပ်ထွေးနေလေသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now