Extra 8

2.2K 363 8
                                    

ယင်စန်စန်တို့တွေ ချီကျင်းကို သူတို့အဆောင်ခန်းကိုပြန်ခေါ်ခဲ့လိုက်ကြပြီး စိတ်ငြိမ်အောင်လုပ်ပေးကာ ယောင်အာ့အိပ်ရာမှာအိပ်ခိုင်းလိုက်သည်။

သိပ်မကြာခင် ကျန်းမုပြန်ရောက်လာ၏။

ယင်ထောင် မေးလိုက်သည်။
"ကော... အဲ့တစ္ဆေကဘယ်သူလဲ... သူက ဦးလေးငယ်ရဲ့အင်းကွက်တွေကိုတောင် မကြောက်ဘူး!"

"မြေအောက်ကမ္ဘာက အရာရှိတစ်ဦးဖြစ်မယ်... ငါအခုလေးတင် သူ့ကိုမိတော့မဲ့အချိန်မှာ သူက မြေအောက်ကမ္ဘာဝင်ပေါက်ကို ချက်ချင်းဖွင့်ပြီး လွတ်သွားတယ်"

"သူက ဒီကိုဘာလာလုပ်ရတာလဲ.. တစ်ယောက်ယောက်ရဲ့ဝိညာဥ်ကိုလာခေါ်တာလား"

ယင်စန်စန် - "သူသာ တစ်ကယ်ဘဲ မြေအောက်ကမ္ဘာကအရာရှိသာဆိုရင် အကြောင်းပြချက်မရှိဘဲ လူတွေကိုထိခိုက်စေမှာမဟုတ်ပါဘူး.. နောက်ဆို ဦးလေးငယ်မရှိတဲ့အချိန်ဆို ချီကျင်းကို ကျွန်တော်တို့အခန်းမှာဘဲ အိပ်ခိုင်းကြတာပေါ့"

"ဦးလေးနှစ်နဲ့ ဦးလေးငယ်တို့ အဆင်ပြေကြရဲ့လားမသိဘူးနော်"
ယောင်အာက ယင်စန်စန်ရဲ့အိပ်ရာပေါ် တိုးဝင်သွားရင်းပြော၏။

ယင်ထောင်မှာ သူ့အိပ်ရာသူပြန်သွားလိုက်ပေမဲ့ ကျန်းမုက သူ့အိပ်ရာဆီပြန်ချီသွားတာခံလိုက်ရသည်။
"ကော... ဘာလုပ်တာလဲ"

"ဒီည အတူအိပ်ကြမယ်"

"အော"

ရပ်နေရင်းနဲ့ ယင်စန်စန်မှာ အတူအိပ်ဖို့ယင်ထောင်ကိုချီသွားတဲ့ ကျန်းမုကိုတစ်ချက်ကြည့်ကာ ပြီးနောက် သူ့အိပ်ရာထဲသူဝင်သွားလိုက်တဲ့အခါ ယောင်အာတစ်ယောက် သူ့အဝတ်တွေသူလုံးဝချွတ်ပစ်လိုက်ပြန်ပြီဆိုတာ တွေ့လိုက်ရ၏။ သူ့မျက်လုံးစွန်းလေးတွေ တွန့်သွားရကာ မပြောဘဲမနေနိုင်တော့။
"အကုန်ငတုံးတွေချည်းဘဲ"

"စန်းကော ဘာတွေပြောနေတာလဲ"

ယင်စန်စန် သူ့ခါးပေါ်လက်တင်ကာ သူ့ရဲ့ချောမွေ့နေတဲ့အသားအရည်ကို လက်မနဲ့ခပ်ဖွဖွပွတ်သပ်ရင်း ပြောလိုက်သည်။
"ငါ ဦးလေးနှစ်နဲ့ ဦးလေးငယ်တို့ကို စပြီးအားကျလာပြီ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now