စေ့စပ်ပွဲနေ့မှာတော့ အရှေ့ပိုင်းတိုက်ကြီးမှ မိသားစုကြီးတွေအကုန်လုံးကို ဖုမိသားစုရဲ့ အခမ်းအနားသို့ဖိတ်ခေါ်ထားလေသည်။
ထိုသူတွေမှာ တံခါးဝမှနာမည်မှာ ဖုမိသားစုကနေ ယင်မိသားစုကို ပြောင်းသွားတာတွေ့လိုက်ရပြီးနောက် မအံ့သြဘဲမနေနိုင်ကြတော့။ ဘယ်လိုဘဲပြောပြော ဖုမိသားစုဆိုတာက နှစ်ထောင်ချီတည်ရှိနေခဲ့တာဖြစ်ကာ အခုတော့ ရုတ်တရက်သူ့ပိုင်ရှင်က ပြောင်းသွားခဲ့၏။ သူတို့အတွက်တော့ ဒါက အရမ်းကြီးရုတ်တရက်ဆန်လွန်းလှ၏။လူတိုင်းမှာ ဖုမိသားစုခေါင်းဆောင်က သူ့နေရာကိုဖယ်ပေးဖို့ ခြိမ်းခြောက်ခံလိုက်ရတာများလားလို့ သိချင်နေကြလေသည်။
သို့သော်ငြား ဖုမိသားစုခေါင်းဆောင်တစ်ယောက်သူ့မိသားစုတွေနဲ့အတူ ဂိတ်ဝမှာရပ်လျက် ပြုံးရွှင်စွာ ဧည့်သည်တွေကိုကြိုဆိုနေတာ တွေ့လိုက်တဲ့အခါမှာတော့ သူတို့ရဲ့သံသယတွေအကုန်လုံး လွင့်ပျောက်သွားရတော့၏။
ဖုမိသားစုခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ မိသားစုခေါင်းဆောင်တစ်ချို့က မနေနိုင်ဘဲ မေးလိုက်မိကြသည်။
"လောင်ဖု.. ဖုမိသားစုရဲ့ခေါင်းဆောင်အစစ်က တစ်ကယ်ဘဲ ယင်မိသားစုလား"ဖုမိသားစုခေါင်းဆောင်ကပြုံးလျက်ပြန်ဖြေလာသည်။
"ဟုတ်တယ်လေ.. ကျုပ်တို့သခင်က သူ့မျက်နှာကိုလူရှေ့ထွက်ပြရတာမကြိုက်ဘူး.. အမှန်တိုင်းပြောရရင် ကျုပ်တို့မိသားစုနာမည်က အစက ဖုမဟုတ်ဘူး.. ဒီမျိုးရိုးကို ကျုပ်တို့သခင်ကပေးခဲ့တာလေ.. ဒီလိုနဲ့ ကျုပ်တို့မိသားစုမျိုးရိုးဆိုပြီးဖြစ်လာတာဘဲ.. ဒီနေ့ကနေစပြီး ဖုမိသားစုက ယင်မိသားစုကိုပြန်လွှဲပေးလိုက်ပြီဆိုပေမဲ့ ကျုပ်တို့က တာဝန်ယူနေရတုန်းပါဘဲဗျာ.. အရင်တိုင်းဘဲ မပြောင်းလဲပါဘူး"ယင်ကျင်းရဲ့ ဒီအခမ်းအနားကိုကျင်းပရတဲ့အဓိကရည်ရွယ်ချက်က သူကမှ တစ်ကယ့်သခင်အစစ်ဆိုတာ သိစေချင်ရုံသာဖြစ်ကာ ဖုမိသားစုကိုပြန်လွှဲယူဖို့ရည်ရွယ်ချက်မရှိပေ။ ဒါကြောင့် ဖုမိသားစုက မူလကယင်မိသားစုရဲ့တစ်စိတ်တစ်ပိုင်းဆိုတာနဲ့ သူကသာနောက်ကွယ်မှအရှင်သခင်ဆိုတာကို လူတိုင်းကိုသိစေချင်ရုံကလွဲရင် အရာအားလုံးက နဂိုအတိုင်းပင်။
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**