*281* ခင်ဗျားပြောသမျှအကုန်နားထောင်မယ်

3.6K 533 21
                                    

ဗီဒီယိုကောလ်ထဲမှာတော့ ခပ်ဝဝနဲ့ အသားအရေက ဖြူဖွေးကာနူးညံ့နေတဲ့ ဘုန်းကြီးငယ်လေးတစ်ပါးပေါ်လာသည်။ သူက ဆရာတော်ကိုမြင်တာနဲ့ ရယ်မောပြလာတာကြောင့် လူတွေကို မေတ္တာရှင်ဗုဒ္ဓတစ်ပါးလို ခံစားသွားရစေ၏။

"ဆရာတူအစ်ကို.. မတွေ့ရတာကြာပြီနော်.. အင်း..."

သူ့မျက်နှာထက်က အံ့အားသင့်နေတဲ့အမူအယာကိုတွေ့လိုက်တာကြောင့် ဆရာတော်ကမေးလိုက်သည်။
"ဘာဖြစ်လို့လဲ"

သူ့မျက်လုံးသူပြန်ပွတ်သပ်လျက် မေးလာလေသည်။
"ဆရာတူအစ်ကို.. ရုပ်ရည်ကိုပြုပြင်ပေးတဲ့ ဆော့ဝဲလ်တစ်မျိုးမျိုး သုံးထားသေးတာလား"

"မဟုတ်ပါဘူး"

"မဟုတ်ဘူးလား"

ဆရာတော်ကောမင်က တအံ့တသြပြောလာ၏။
"မဟုတ်ရင် ဘာလို့ အစ်ကို့မျက်နှာမှာ မက်မွန်ပွင့်တွေပွင့်နေတာ တွေ့နေရတာလဲ"

[*သူ့စိတ်ထဲတစ်ယောက်ယောက်ရှိနေတာကို ပြောတာပါတဲ့]

သူ့စကားကြားတဲ့အခါ ရုန်ချီတို့တွေ ချက်ချင်းဆရာတော့်မျက်နှာကို လှမ်းကြည့်လိုက်မိကြပေမဲ့ သူတို့ကတော့ ဘယ်လိုပုံစံမျိုးကိုမှမတွေ့ရပေ။

ဆရာတော်က သူတို့တွေအကုန်လုံးကိုတစ်ချက်ဝေ့ကြည့်ပြီးမှ အသံတိုးတိုးနဲ့ပြန်ပြောလိုက်သည်။
"ပေါက်ကရတွေ မပြောနဲ့"

"အမှန်ပါဆို.. ကျွန်တော်ပေါက်ကရတွေလျှောက်ပြောနေတာမဟုတ်ဘူး.. အစ်ကို တစ်ကယ်ဘဲ လှအောင်ပြင်တဲ့ဆော့ဝဲလ်တွေသုံးမထားဘူးဆိုရင် ဒါတစ်ကယ့်ကို အစ်ကို့ရဲ့မက်မွန်ပွင့်သင်္ကေတဘဲ"

ရုန်ချီ့ရဲ့မျက်နှာထက်က ခပ်ညစ်ညစ်အပြုံးလေးကလွဲရင် ကျန်သူတွေအားလုံးက ဆရာတော်ကိုသာ တိတ်ဆိတ်စွာကြည့်နေကြလေသည်။

"..."

သူ့ဆရာတူညီလေးက ဟာသပြောနေပုံမပေါက်တာကြောင့် ဆရာတော်မှာ မျက်မှောင်ကြုတ်သွားမိသည်။ ဒါပေမဲ့လည်း သူ့မှာ မက်မွန်ပွင့်သင်္ကေတရှိနေတယ်ဆိုတာနဲ့ သူတစ်ယောက်ယောက်ကို သဘောကျမိနေတာလို့မဆိုလိုပေ။ တစ်ယောက်ယောက်က သူ့အပေါ်သဘောကျနေတာလည်းဖြစ်နိုင်သည်။ ဒါပေမဲ့ ဘုန်းကြီးတစ်ပါးအနေနဲ့ လူတွေအများကြီးရှေ့မှာမေးမြန်းဖို့က မသင့်တော်တာကြောင့်​ သူခေါင်းစဥ်ပြောင်းပစ်လိုက်သည်။
"ဘာကိစ္စရှိလို့ ဖုန်းခေါ်တာလဲ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now