ရုန်ယိ မိုးကြိုးတိမ်တိုက်တွေပါခေါ်ဆောင်ကာ Budascar မြို့ထဲပြေးဝင်သွားသည်။ ထိုအခါ မိုးကြိုးတိမ်တိုက်တွေက အတားအဆီးနဲ့ကာရံခံလိုက်ရသလိုမျိုး တုရှန်းမြို့ဘက်မှာဘဲရပ်တန့်သွားကာ ဖြတ်မလာနိုင်ပေ။
အနောက်ပိုင်းတိုက်ကသူတွေနဲ့တိုက်ခိုက်နေကြတဲ့ အရှေ့ပိုင်းနယ်မြေကကျင့်ကြံသူတွေမှာ တအံ့တသြနဲ့ ကောင်းကင်ထက်မော့ကြည့်လိုက်ကြသည်။
"မိုး...မိုးကြိုးစမ်းသပ်မှုတိမ်တိုက်တွေ!"တစ်ချို့က အမူအယာပြောင်းသွားကာ စိုးရိမ်တကြီး အော်ပြောလာလေသည်။
"ဘုရားရေ!.. မကောင်းတော့ဘူး.. ဒါ မိုးကြိုးစမ်းသပ်မှုတိမ်တိုက်တွေဟ.. ပြေးကြတော့!""မိုးကြိုးစမ်းသပ်မှုတိမ်တိုက်တွေ!"
အရှေ့ပိုင်းနယ်မြေကကျင့်ကြံသူတွေရဲ့မျက်နှာမှာ ဖြူဖျော့သွားကြပြီး အရပ်မျက်နှာအသီးသီးကို ထွက်ပြေးကြတော့သည်။ အနောက်ပိုင်းတိုက်ကလူတွေကလည်း သူတို့နောက်ကိုလိုက်ဖမ်းကြတာကြောင့် အခြေအနေတွေက ပိုပိုပြီးပရမ်းပတာတွေဖြစ်လာ၏။
အနောက်ပိုင်းတိုက်ကသူတစ်ယောက်က ပြောသည်။
"ဟွန့်....မင်းတို့တွေက အရှုံးပေးသွားကြတာလား"အရှေ့ပိုင်းနယ်မြေကသူကလည်း ပြန်အော်သည်။
"မင်း ဘယ်သူ့ကိုပြောနေတာတုန်း!.. ငါတို့က မိုးကြိုးစမ်းသပ်မှုတိမ်တိုက်တွေကနေ ပုန်းနေတာကွ ဟုတ်ပြီလား.. ပြီးတော့ မင်းတို့.. မြန်မြန်ပုန်းကြ!.. အဲ့မိုးကြိုးတွေနဲ့အပစ်မခံရစေနဲ့""မိုးကြိုးစမ်းသပ်မှု!.. ဘာကြီးတုန်း"
အနောက်ပိုင်းတိုက်ကသူတွေက ကောင်းကောင်ထက်မော့ကြည့်လိုက်ကြသည်။ တစ်ယောက်ပြော၏။"ငါကြားဖူးတာတော့ အရှေ့ပိုင်းနယ်မြေကကျင့်ကြံသူတစ်ယောက် အဆင့်ချိုးဖြတ်တော့မယ်ဆိုရင် မိုးကြိုးစမ်းသပ်မှုခံယူရတယ်တဲ့.. အဲ့စွမ်းအားက အရမ်းကြီးပြီး လူကိုပါသေစေနိုင်တယ်တဲ့"
အနောက်ပိုင်းတိုက်ကသူတစ်ယောက်က အထင်သေးစွာပြောလာ၏။
"အဲ့တာက ဘယ်လိုဟာမျိုးမလို့ သူတို့တွေကြောက်နေကြလဲဆိုတာ ငါတစ်ကယ်ကြည့်ကြည့်ချင်သေးတယ်"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Ficción históricaI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**