Extra 12

2K 326 6
                                    

အကာရံစည်းထဲမှာတော့ ယောင်အာတစ်ယောက် ယင်စန်စန်အိပ်ပျော်နေတာကို စိတ်လှုပ်တရှားနဲ့ကြည့်နေသည်။ သူတို့စသိခဲ့ကတည်းက ယင်စန်စန်ရဲ့မျက်နှာကို ဒီလောက်ဂရုတစိုက်ကြည့်ဖူးတာ သူ့အတွက်တော့ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ရဲ့စန်းကောက ဘယ်လောက်တောင်ချောမောကြောင်းကို သူနောက်ဆုံးတော့ သတိပြုမိသွားပြီး  သူ့နှလုံးခုန်သံတွေ မြန်သထက်မြန်လာတာကို ခံစားနေမိသည်။ စိုးထိတ်နေမှုကနေ ရှက်ရွံ့မှု ၊ ထိုကနေ စိတ်လှုပ်ရှားမှု ၊ နောက်ဆုံး ကြောက်လန့်မှုအဖြစ် ပြောင်းသွား၏။ ဝူရှောင်မိုင်ရဲ့ကိစ္စကြောင့်သာမဟုတ်ရင် သူဒီအကြောင်းကို တစ်သက်လုံး မသိတော့မှာမျိုးလည်း ဖြစ်နိုင်လေသည်။

"စန်းကော..."
သူ မနေနိုင်တော့ဘဲ ခေါင်းလေးအနည်းငယ်ငုံ့ကာ ယင်စန်စန်ရဲ့နှုတ်ခမ်းပေါ် အသာလေးထိကပ်လိုက်ပြီး တိုးတိုးလေးခေါ်လိုက်သည်။
"အားဟွေ"

ယောင်အာ့အတွက် ယင်စန်စန်ရဲ့နာမည်ကို ထုတ်ခေါ်တာက ပထမဆုံးဘဲဖြစ်ကာ သူ့စိတ်ထဲ ခံစားချက်ပေါင်းစုံပြည့်နှက်သွား၏။ သူ ယင်စန်စန်ကို အခုချက်ချင်း နှိုးလိုက်ချင်ပြီး ဖွင့်ပြောလိုက်ချင်သည်။ ဒါပေမဲ့လည်း သူ့ရဲ့နောက်ဆုံးသောကြောင်းကျိုးဆီလျော်မှုလေးက သူ့ကိုယ်သူ အလျှင်စလိုမလုပ်ရန်နဲ့ ဖွင့်မပြောခင် စန်းကောက သူ့ကိုသဘောကျမကျ အရင်လေ့လာကြည့်သင့်ကြောင်း ပြောနေသည်။

သူ ယင်စန်စန်ပုခုံးပေါ်မှီချလိုက်ပေမဲ့ ယင်စန်စန် နှုတ်ခမ်းစွန်းလေးတွေက အပြုံးကြီးအဖြစ်ကွေးတက်သွားတာကိုတော့ သတိမထားမိလိုက်။

တစ်ကယ်တမ်းတော့ ယင်စန်စန်က အိပ်ချင်ယောင်ဆောင်နေတာဖြစ်ကာ ယောင်အာ သူ့နှုတ်ခမ်းကိုနမ်းလိုက်တာကို ရှင်းရှင်းလင်းလင်းကို သိလိုက်ရသည်။ အခုသူက ယောင်အာ့ကိုယ်နဲ့အဖိခံထားရတာကြောင့် ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေလို့မရတော့။ ဒါကြောင့် မျက်လုံးဖွင့်ကာ မေးလိုက်သည်။
"ဘာလို့ ပြန်လာတာ ဒီလောက်နောက်ကျနေတာလဲ"

သူ့ရဲ့ခပ်ရှရှနဲ့ ဆွဲဆောင်မှုရှိတဲ့အသံက လျှပ်စီးကြောင်းလိုမျိုး ယောင်အာ့တစ်ကိုယ်လုံးကို ပျော့ခွေသွားစေသည်။ သူ့မျက်နှာကို ယင်စန်စန်ရဲ့လည်တိုင်ထက်မြှုပ်ထားလိုက်ပြီး အလိုလိုက်ခံထားရတဲ့လေသံနဲ့ ပြောလိုက်သည်။
"ကျွန်တော် မိစ္ဆာတောအုပ်ဆီ ခဏလောက်ပြန်သွားကြည့်တာ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now