*304* ပုံပြင်လေးအဆုံးမသတ်ခင်

2.6K 432 10
                                    

ရုန်ယိ ကျန်းမုကိုအတော်လေး လေးစားမိသွားသည်။ ယောင်အာ့အစ်ကိုဖြစ်ဖို့ထိုက်တန်ပါပေသည်။ ကြည့်ရတာ သူတို့ကြားထဲ တစ်ချို့ဆက်နွယ်မှုလေးတွေရှိနေဟန်ပင်။ စန်စန်တစ်ယောက် ဝူးဝူးဝါးဝါးဘဲပြောတတ်စဥ်တည်းက ကျန်းမုသူ့စကားတွေကိုနားလည်နေတာ မထူးဆန်းတော့။ ဒီညီအစ်ကိုလေးယောက်သားမှာ တစ်ကယ့်ကိုရင်းနှီးချစ်ခင်တဲ့ဆက်ဆံရေးရှိနေတာဖြစ်သည်။

သူ ခုတင်စွန်းလေးမှာဝင်ထိုင်ကာ ယင်ထောင်ရဲ့မျက်နှာလေးကို လက်ချောင်းလေးနဲ့ဖွဖွလေးထိကြည့်လိုက်သည်။

ယင်ထောင်ရဲ့မျက်ဝန်းလေးတွေတောက်ပသွားကာ အတော်လေးပျော်မြူးသွားပုံပေါ်၏။

ရုန်ယိ ရယ်ချင်သွားရကာ ယင်ကျင်းရဲ့ကို မေးလိုက်သည်။

"ဒါကပြန်ဝင်စားတာမဟုတ်ဘူးဆိုတော့ သူတို့ဆီမှာ ကျင့်ကြံခြင်းလောကကမှတ်ဉာဏ်တွေ ရှိနေကြမှာပေါ့နော်"

"ဟုတ်တယ်... မင်းဗိုက်ထဲမှာနေတုန်းက မှတ်ဉာဏ်တွေပါရှိကြတယ်"

ရုန်ယိ ယင်ထောင်ကို စိတ်လှုပ်တရှားနဲ့ချီကာ ပြောလိုက်သည်။

"ချယ်ရီသီးလေး... မင်းဖေဖေ့ကိုမှတ်မိလား.. မှတ်မိရင် မျက်တောင်လေးခတ်ပြ"

ယင်ထောင်က ချက်ချင်းဘဲ သူ့မျက်လုံးလေးကို သုံးခါတောင် မှိတ်ပြလာသည်။

"သူတို့ ကျွန်တော်တို့ကို တစ်ကယ်ကြီးမှတ်မိနေကြတာဘဲ"

ရုန်ယိ ကလေးပါးလေးကို အကြိမ်ပေါင်းများစွာနမ်းလိုက်၏။ ယင်ထောင်ကတော့ သူ့လက်လေးတွေကို လှုပ်ယမ်းရင်းပြန်တုံ့ပြန်လေသည်။

ရုန်ယိ ယင်ထောင်ကို ယင်ကျင်းရဲ့ လက်ထဲထည့်ပေးလိုက်သည်။

"ခင်ဗျား အရင်ကဆို ကလေးချီတာရှားတယ်.. ဒီတော့ ကလေးတွေနဲ့ရင်းနှီးအောင် များများချီပေးသင့်တယ်"

"အင်း"

ယင်ကျင်းရဲ့ ကလေးဘယ်လိုချီရမလဲမသိသလို ကလေးကိုယ်လုံးလေးကလည်း အရမ်းနူးညံ့လွန်းနေတာကြောင့် သူအားအများကြီးသုံးလိုက်ရင် ကလေးကိုထိခိုက်သွားမှာ စိုးနေမိသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now