*291* ကလေးတွေအဖေကငါ့ကိုတစ်ကယ်နားလည်တာဘဲ

3.1K 489 8
                                    

ပြိုင်ပွဲရောက်ဖို့ လဝက်သာလိုတော့သည်။ လူတိုင်းလူတိုင်းက ပါဝင်ပစ္စည်းတွေဝယ်ယူကြ မှော်ကိရိယာတွေသန့်စင်လိုက်နဲ့ ပြင်ဆင်နေကြ၏။ ရုန်ယိတစ်ယောက်သာ အိပ်ရင်အိပ် မအိပ်ရင်စားဘဲစားနေကာ သူ့ကိုယ်သူတောင်ဝက်ဖြစ်တော့မယ်လို့ ခံစားနေရသည်။

ခေါင်းငုံ့လျက် ကြယ်သီးတပ်မရတော့တဲ့သူ့ဘောင်းဘီကိုငုံ့ကြည့်ရင်း ရုန်ယိအော်ခေါ်လိုက်၏။
"ကလေးတွေအဖေရေ..."

အောက်ထပ်မှာ စားဖိုမှူးကို ကိုယ်ဝန်သည်အတွက်အာဟာရရှိစေမဲ့စွပ်ပြုတ်ချက်ပေးဖို့ပြောနေတဲ့ ယင်ကျင်းရဲ့မှာ သူ့အသံကြားတာနဲ့ အခန်းထဲဖြတ်ခနဲရောက်လာလေသည်။ ဘေးခန်းမှာကစားနေကြတဲ့ ကလေးနှစ်ယောက်တောင်မှ အမြန်ပြေးလာကြသည်။

"ဖေဖေ.. အဆင်ပြေရဲ့လား"

"အင်း.. ပြေပါတယ်"

စိုးရိမ်နေကြတဲ့သားအဖတွေကိုကြည့်ရင်း ရုန်ယိရင်ထဲလှုပ်ခတ်သွားရပေမဲ့လည်း နည်းနည်းကို့ယို့ကားယားဖြစ်သလိုလည်း ခံစားနေရသည်။

"ကျွန်တော့်ဗိုက်ကိုကြည့်ဦး.. အရမ်းကြီးလာတော့ ဘောင်းဘီတောင်ဝတ်မရတော့ဘူး.. တစ်ယောက်လောက်ရှာပြီး ပိုကြီးတဲ့ဘောင်းဘီနဲ့ကျွန်တော့်ဗိုက်ကိုဖုံးနိုင်မဲ့အဝတ်တွေ ချုပ်ခိုင်းပေးပါဦး"

ဒီတော့မှ ယင်ကျင်းရဲ့မှာသက်ပြင်းချလိုက်နိုင်ကာ ခပ်ပွပွအားကစားဝတ်စုံထုတ်ပေးပြီး သူ့ကိုဝတ်ပေးလိုက်သည်။

"အရင်ဆုံး ကိုယ့်ဟာတွေဝတ်ထားလိုက်ဦး.. နောက်မှ မင်းအတွက်အဝတ်ချုပ်ပေးဖို့ တစ်ယောက်ကိုခိုင်းလိုက်မယ်"

"အင်း"

အဝတ်အစားတွေလဲပြီးနောက် ရုန်ယိ မနက်စာစားဖို့အောက်ဆင်းသွားလိုက်သည်။

ကျန်းမုနဲ့ယောင်အာတို့က သူ့ဆီချက်ချင်းရောက်လာကာ သူ့ဗိုက်ကိုစိုက်ကြည့်နေကြ၏။

ရုန်ယိ ရယ်ချင်ပက်ကျိနှင့်ပြောလိုက်သည်။
"ဘာတွေကြည့်နေကြတာတုန်း"

ကျန်းမု - "သားတို့ရဲ့ညီလေး ထောင်အာနဲ့စန်စန်ကိုကြည့်နေတာ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now