*298* ငါမသေချင်သေးဘူး

2.1K 393 3
                                    

ယွဲ့ချန်မှာ ပြိုလဲလုနီးနီးဖြစ်နေပြီဖြစ်ကာ ယင်ဟော့ယောင်ကို ဒေါသတကြီးအော်ဟစ်လိုက်၏။

"မင်း ဒီစကားတွေကို ဘယ်လိုလုပ် အလွယ်တကူပြောထွက်နိုင်ရတာတုန်း!. အချင်းချင်း နှစ်တစ်သောင်းလောက်အတူရှိနေခဲ့ကြတာကို.. မင်းဆီမှာ ငါတို့အတွက်ခံစားချက်လေးနည်းနည်းတောင်မရှိဘူးလား.. ဘယ်လိုဘဲပြောပြော အားကျဲ့က မင်းကိုအများကြီးကူညီပေးခဲ့တာလေ... ကျေးဇူးတင်တာမျိုးတောင်မရှိဘဲ ဒီလောက်ထိနှလုံးသားမဲ့ရလား!"

"မင်းတို့မှာ ဝမ်းနည်းနေဖို့အချိန်ရှိနေသေးရင်.. ဒီကထွက်ဖို့လမ်းရှာတာ ပိုကောင်းမယ်.. ပြီးမှသာ အားကျဲ့ကိုကယ်ဖို့ကြိုးစား.. ဒါပေါ့.. မင်းတို့က သေချင်နေရင်တော့လည်း ငါကမတားပါဘူး.. ဒါပေမဲ့ ငါကတော့မသေချင်သေးဘူး"

ယင်ဟော့ယောင် တစ်ဖက်လှည့်ကာ သူ့ရဲ့မှော်လက်နက်ကိုထုတ်ပြီး အစီအရင်ကိုချိုးဖျက်ဖို့ကြိုးစားလိုက်သည်။

ကျိရှီက မျက်နှာတည်နေလျက် ယွဲ့ချန်ကိုကြည့်ကာပြောသည်။
"သူပြောတာမှန်တယ်.. အခုက ငါတို့ဝမ်းနည်းနေရမဲ့အချိန်မဟုတ်ဘူး.. ဒါမှမဟုတ်ဘဲ ငါတို့သာသေသွားခဲ့ရင် ဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူး"

သူမှော်လက်နက်ထုတ်ယူပြီး ယင်ဟော့ယောင်ကိုပြောလိုက်သည်။
"လူခွဲသွားပြီး ထွက်လမ်းရှာကြရအောင်"

ယွဲ့ချန်လည်း မှော်လက်နက်ထုတ်ယူလိုက်သည်။ ဒါပေမဲ့လည်း သူကတော့ သူတို့တွေအကောင်းအတိုင်းပြန်ထွက်နိုင်လိမ့်မယ်လို့ မထင်ပေ။ ကောင်းကင်ဘုံကသူတို့ကိုစောင့်ကြည့်နေတဲ့အပြင် ယင်ကျင်းရဲ့ကလည်း အပြင်ဘက်မှာသူတို့ကိုစောင့်နေသေးသည်။

တစ်ကယ်တမ်း သူတို့ဒီပြိုင်ပွဲကိုလာပြီး သူရဲကောင်းပုံစံမလုပ်ခဲ့သင့်ကြ။ သူတို့ရဲ့ဂုဏ်သတင်းဆုံးရှုံးသွားခဲ့တော့ရော ဘာဖြစ်သေးလဲ။ အကယ်၍ စစ်ကျဲ့သာ သူတို့အန္တရာယ်ကင်းမယ်လို့ မဟောခဲ့ရင် သူတို့လည်းလုံးဝလာခဲ့ကြမှာမဟုတ်။

ပြန်စဥ်းစားကြည့်မှ သူတို့တွေ သူရှေ့ဖြစ်ဟောတာကိုမယုံကြည်ခဲ့သင့်။ သူ့ရဲ့ဝိညာဥ်က အခုချိန်မှာမတည်ငြိမ်သေးတော့ သူ့ရဲ့တွက်ချက်မှုတွေကလည်း မတိကျနိုင်ပေ။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now