*302* မွေးဖွားခြင်း

2.8K 483 11
                                    

ရုန်ချီ ထရပ်ကာ ရုန်ကျင်းဆီလျှောက်သွားလိုက်သည်။
"ကျွန်တော် ချီကျင်းလေးကိုမတွေ့ရတော့တာ လွန်ခဲ့တဲ့တစ်လက အဘိုးလေးတို့လက်ထပ်ပွဲပြီးကတည်းကဘဲ..အခု ဒီလောက်တောင်ကြီးသွားပြီလား.. လာပါဦး.. တစ်ချက်လောက်ချီချင်လို့"

ရုန်ကျင်း သူ့ဆီ ကလေးကိုပေးလိုက်သည်။

ရုန်ချီ ကလေးကိုချီလိုက်ပြီးနောက် ချီကျင်းလေးရဲ့မျက်ဝန်းသေးသေးလေးတွေက ရုန်ကျင်းဆီမှာဘဲ ရှိနေဆဲဖြစ်တာ တွေ့လိုက်ရ၏။

"အစ်ကိုကြီး.. ချီကျင်းလေးက အစ်ကို့ကိုအရမ်းသဘောကျတဲ့ပုံဘဲနော်"

ရုန်ယိတို့အမေကပြုံးကာ ပြောလေသည်။
"အဲ့ထပ်ပိုတာပေါ့.. အဲ့ကလေးက သူ့ကိုအရမ်းကိုကပ်တာလေ.. မတွေ့တာနဲ့ ငိုရောဘဲ.. သူက မင်းအစ်ကိုကြီးကို အဖေ ရှောင်လန်ကိုအမေဆိုပြီး လုံးဝသတ်မှတ်ထားတာ"

ရုန်ကျင်းမျက်လုံးထဲ ကူကယ်ရာမဲ့မှုတွေ ပေါ်လာ၏။

ချီလန်ပြုံးရင်း ချီကျင်းလေးရဲ့ ဆံပင်လေးတွေကို ဖွဖွလေးပွတ်ပေးနေလိုက်သည်။

ရုန်ယိ ယင်ကျင်းရဲ့ကိုအသံပို့ကာပြောလိုက်၏။ 
"တွေ့လား... ခင်ဗျားရဲ့ဆရာတူအစ်ကိုက မျက်နှာပေါ်မှာ လုံးဝကို ဖခင်မေတ္တာ ဆိုတဲ့အမူအယာကြီးချိတ်ဆွဲထားတာ"

ယင်ကျင်းရဲ့ နှုတ်ခမ်းတွေကွေးတက်သွားသည်။
"ဒါကောင်းပါတယ်... သူ့အတွက် ဒီမှာ တွယ်ငြိစရာတွေပိုလာတာပေါ့"

ရုန်ယိအဖေကပြုံးကာပြောသည်။
"ငါတို့မိသားစုမှာ ကလေးတွေပိုပိုများလာပြီဘဲ.. ရှောင်ယိကလေးတွေမွေးလာရင် ငါတို့မိသားစုမှာ ကလေးဆယ့်တစ်ယောက်တောင်ဖြစ်သွားပြီ.. ဒါဆို ငါတို့လည်း အလုပ်ပိုရှုပ်လာကြတော့မှာဘဲ"

ရုန်ချီ - "ကျွန်တော်တို့အိမ်က တဖြေးဖြေးနဲ့ မူကြိုအသေးစားလေးဖြစ်လာတော့မှာ"

ရုန်ယိ ပြုံးလိုက်ကာ
"ဒါလည်းမဆိုးပါဘူး.. ကလေးတွေမှာ ကစားဖို့အဖော်တွေရှိသွားတာပေါ့"

"အရင်တုန်းကဆို မင်းအမြဲတမ်း သူတို့ကို ဖြစ်ညှစ်သတ်ပစ်ချင်နေတာလေ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now