*289* မိတ်ဆွေဟောင်း

2.6K 433 7
                                    

ထိုပြဇာတ်လေးပြီးသွားပြီးနောက် လူတိုင်း ယင်ကျင်းရဲ့အပေါ်ပိုပြီးလေးစားလာကြသည်။ သူ့ကို လူငယ်လေးလိုမျိုးထပ်ပြီးမဆက်ဆံရဲကြတော့။ ချန်ကွေနဲ့ကျန်တဲ့သူတွေမှာ လှုပ်ရှားချင်ပေမဲ့ မလုပ်နိုင်ကြ။ ပြန်ပြီးတိုက်ခိုက်ချင်ပေမဲ့လည်း အင်အားမရှိကြ။ မြေပြင်ထက်ဒူးထောက်ထားလျက်သားနဲ့သာ ယင်ကျင်းရဲ့ သူ့လက်တွဲဖော်ရုန်ယိကို မိတ်ဆက်ပေးနေတာကို ကြည့်နေကြရ၏။ မိတ်ဆက်ပေးပြီးသွားတာတောင်မှဘဲ ယင်ကျင်းရဲ့ သူတို့ကိုထခိုင်းဖို့ ရည်ရွယ်ချက်မရှိသေး။ ထိုသူတွေအပေါ်က ဝိညာဥ်ဖိအားကိုသူပြန်မရုတ်သိမ်းသေးတာကြောင့် ထိုသူတွေမှာလည်း ဆက်လက်ဒူးထောက်နေကြရသည်။

လူတိုင်း တိတ်တဆိတ်နဲ့ ယင်ကျင်းရဲ့ရဲ့ကျင့်ကြံဆင့်ကို ခန့်မှန်းနေကြသည်။ လူတွေအများကြီးကိုဖိနှိပ်ထားရတဲ့အချိန်မှာတောင် သူ့ကြည့်ရတာ တည်တည်ငြိမ်ငြိမ်နဲ့မထူးခြားနားဟန်ရှိနေဆဲဖြစ်၏။ သူတို့ကိုပိုအံ့သြစေတာကတော့ ယနေ့ပွဲမှာရှိနေတဲ့သူတွေထဲက တစ်ယောက်မှ သူ့ကျင့်ကြံဆင့်အမှန်ကို ဖောက်မမြင်နိုင်ခြင်းပင်။

လူတိုင်းညစာစားပြီးနောက် ဖုမိသားစုခေါင်းဆောင်က လူတိုင်းကို အသံပို့လွှတ်လျက်ပြောလာသည်။

"အားလုံးဘဲ.. ခဏလေးတိတ်ပေးကြပါဗျာ...ကျုပ်အခုလေးတင် သတင်းတစ်ခုရလိုက်တယ်.. အနောက်ပိုင်းတိုက်ကြိးက ကျုပ်တို့အရှေ့ပိုင်းနယ်မြေကြီးကို စိန်ခေါ်လိုက်တယ်တဲ့"

လူအုပ်ကြီးမှာ အုန်းအုန်းကြွပ်ကြွပ်တွေဖြစ်ကုန်ကြတော့သည်။

"ပြီးတော့ သတင်းမှာပါ လွှင့်ပြနေပါတယ်"

မိသားစုခေါင်းဆောင်က တစ်ယောက်ယောက်ကိုခိုင်းကာ သလင်းပြားတီဗွီကို လေထဲလွှင့်တင်ခိုင်းလိုက်လေသည်။ ဒါမှသာ ယခုရှိနေကြသူအကုန်လုံး သတင်းကိုကြည့်လို့ရမှာဖြစ်၏။

တီဗွီဖွင့်ဖွင့်ချင်းဘဲ လူတိုင်း ရွှေအိုရောင်ဆံပင်နဲ့ အမျိုးသား အမျိုးသမီးနှစ်ယောက်ကိုတွေ့လိုက်ရကာ သူတို့က အနက်နဲ့အဖြူဝတ်ရုံတွေကို ကွဲပြားစွာဝတ်ဆင်ထားကြသည်။ သူတို့ပုံစံက အလွန်အမင်းဒေါသထွက်နေကြဟန်ပင်။ သူတို့က အနောက်ပိုင်းတိုက်ကြီးကစကားကိုပြောနေကြတာကြောင့် အများစုက သူတို့ဘာပြောနေမှန်းနားမလည်ကြ။ သူတို့ဘာသာစကားကို နားလည်သူတစ်ယောက်က ရှင်းပြလာလေသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now