ယင်မင်ရှိနေပြီဖြစ်တာကြောင့် ယင်ထောင်တို့တွေ ဘေးကအဆောင်ခန်းကိုပြန်သွားကာ ဂိမ်းဆက်ဆော့ကြသည်။
ယင်ထောင် လိုင်းပေါ်တက်လိုက်တာနဲ့ ကျိုယွီကျစ်လို့ခေါ်တဲ့ ဂိမ်းထဲကသူငယ်ချင်းတစ်ယောက်ပြောထားတာ တွေ့လိုက်ရ၏။
'ဟားဟား.. ငါ ဒီနေ့ဘဲ ကျင်းတုတက္ကသိုလ်မှာ စာရင်းလာသွင်းတာကွ... အဲ့တက္ကသိုလ်က ဘယ်သူတွေရှိတုန်း... အပြင်မှာဆုံကြရအောင်လေ'
အခု သူတို့က ကျင်းတုနယ်မြေဆာဗာမှာကစားနေကြတာကြောင့် ကစားသမားအများစုက ကျင်းတုမြို့တော်ကပင်။ သူတို့တွေက ကျိုယွီကျစ်ပြောတာတွေ့တဲ့အခါ အတော်များများက သူတို့လည်းကျင်းတုကဆိုတာ ပြောလာကြပြီး သူတို့ထဲကခုနှစ်ယောက်က ကျင်းတုတက္ကသိုလ်ကဖြစ်သည်။
[ငတုံးအလှလေး] - 'ငါလည်း ကျင်းတုတက္ကသိုလ်ကဘဲ.. တရုတ်စာဌာန ဒုတိယနှစ်က... ကျိုယွီကျစ်... ဒီကစီနီယာကို အရိုအသေပေးလိုက်စမ်း"
[ကျိုယွီကျစ်] - 'ဒီဂျူနီယာလေးက စီနီယာကြီးကို အရိုအသေပေးပါတယ်ဗျာ'
[ငတုံးအလှလေး] - 'ထစေ'
[ဘာကီ] - 'ဟားဟား.. ငါတို့က တွေ့ဖို့ရေစက်ပါလာတာဘဲ.. ငါက စီမံခန့်ခွဲရေးဌာန တတိယနှစ်က.. ငါလည်းဒီနေ့မှ ကျောင်းရောက်တာ.. ဟယ်လို ငါ့ရဲ့ဂျူနီယာညီလေး ညီမလေးတွေ..တွေ့ရသာဝမ်းသာတယ်နော်'
[တစ္ဆေအလှလေး] - 'ဟေး... ငါလည်းလူသစ်ဘဲ.. ငါကတော့မနေ့တည်းကရောက်တာ'
[CreadSu] - 'ငါရောဘဲ.. ငါကတော့ ဒီမနက်မှရောက်တာ'
[ဖုန်းယွမ်] - 'ငါကနောက်ဆုံးနှစ်ကျောင်းသားကွ... အလုပ်သင်ဆင်းဖို့တောင်ပြင်နေရပြီ... ဒီတော့ ငါအလုပ်တွေရှုပ်မလာခင် ငါ့ဂျူနီယာလေးတွေနဲ့တွေ့ရအောင်လေ.. ဘယ်လိုလဲ'
[ယိဝေချန်ဟွေး] - 'ငါလည်း ကျောင်းသားဘဲ..ဒုတိယနှစ်က.. ဒီညတွေ့ကြမလား'
[ကျိုယွီကျစ်] 'OK ဒီညတွေ့ကြတာပေါ့.. ဘယ်မှာတွေ့ကြမလဲ'
[ဘာကီ] - 'ကျင်းဖုန်းစားသောက်ဆိုင်.. ငါးနာရီခွဲ'
[ဖုန်းယွမ်] - 'OK'
ယင်ထောင်မှာ သူ့ရဲ့ဂိမ်းထဲကသူငယ်ချင်းတွေနဲ့ တစ်ခါမှမတွေ့ဖူးတာကြောင့် စိတ်လှုပ်ရှားစွာ စာရိုက်လိုက်သည်။
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**