*303* ငါမင်းကိုချစ်တယ်

2.4K 431 6
                                    

သူတို့အိမ်ပြန်ရောက်ကြတဲ့အခါ ကလေးနှစ်ယောက်ကို ရေနွေးပူပူလေးနဲ့ ချက်ချင်းရေချိုးပေးလိုက်ကြသည်။

ရေချိုးပေးနေစဥ် ရုန်ယိအမေက ရွှင်မြူးစွာပြောလာ၏။

"ဒီအသေးလေးနှစ်ယောက် ဒီနေ့က နှစ်သစ်ကူးနေ့ဆိုတာ သိလို့ဖြစ်ရမယ်.. ဒါကြောင့် ဒီနေ့ထွက်လာဖို့ကို အထူးတလှယ်ရွေးချယ်ခဲ့ကြတာပေါ့.. သူတို့ရုပ်လေးတွေကိုကြည့်ပါဦး.. ရှောင်ယိနဲ့ကျင်းရဲ့တို့နဲ့ အရမ်းတူတာဘဲ"

ရုန်ယိအဖေလည်းပြုံးရင်း ပြောသည်။
"သူတို့မှာ သူတို့အဖေနဲ့တူတဲ့ ပါးစပ်ရယ် မျက်ခုံးတွေရယ် မျက်လုံးတွေရယ်ရှိပြီး.. နှာခေါင်းနဲ့နားရွက်လေးတွေကကျတော့ သူတို့ဖေဖေနဲ့တူကြတယ်.. ကြီးလာရင်တော့ သူတို့အဖေတွေလို လူချောလေးတွေဖြစ်လာကြမှာဘဲ"

ရုန်ယိ အားရကျေနပ်စွာနဲ့ပြောလိုက်၏။
"ဒါပေါ့.. ကျွန်တော့်သားတွေဘဲဟာကို"

ယင်ကျင်းရဲ့ကတော့ ခပ်ဖျော့ဖျော့သာပြုံးနေသည်။

ကျန်းမုနဲ့ယောင်အာတို့မှာလည်း ဘေးကနေ အပျော်လွန်နေကြကာ ဟိုဘက်ပျံလိုက် ဒီဘက်ပျံလိုက်ဖြစ်နေကြလေသည်။

"ဖေ​ဖေ.. သားတို့ ဒီည သူတို့နဲ့အတူအိပ်မယ်နော်"

သူတို့လေးတွေ ယင်ထောင်နဲ့ ယင်စန်စန်ကိုအရမ်းသတိရနေကြတာ သိတာကြောင့် ရုန်ယိချက်ချင်းသဘောတူပေးလိုက်သည်။

"ရတယ်လေ.. ညကျရင်တော့ သူတို့ကို သေးခံလဲဖို့နဲ့ နို့ထတိုက်ဖို့ကိုတော့ မင်းတို့တာဝန်ယူရမယ်နော်"

ရေချိုးကန်လေးထဲ၌ ကလေးနှစ်ယောက်က လုံးဝမငိုပေ။ တစ်ယောက်က သူတို့ကိုရေချိုးပေးနေတဲ့ ရုန်ယိနဲ့ကျန်သူတွေကို တိတ်တဆိတ်ကြည့်နေပြီး တစ်ယောက်ကတော့ ပိုတက်ကြွကာ လက်လေးခြေလေးတွေ လှုပ်ယမ်းနေတော့သည်။ အခုဆို ရုန်ယိတစ်ယောက် သူတို့လက်မောင်းလေးတွေပေါ်ကစာလုံးကို မကြည့်ဘဲနဲ့တောင် ဘယ်သူကဘယ်သူဆိုတာ ပြောနိုင်လေသည်။

သူတို့ရေချိုးခန်းထဲကနေ ကလေးတွေချီပြီးထွက်လာချိန်မှာ ရုန်မိသားစုမှာ ဂုဏ်ပြုပေးတဲ့ဖုန်းတစ်ခုလက်ခံရလိုက်သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now