*274* မငိုပါနဲ့...

2.7K 461 15
                                    


ရုန်ယိနဲ့ ယင်ဟန့်တို့ ဧည့်ခန်းဆီလျှောက်လာတဲ့အချိန် အိမ်စေတွေအကုန်လုံးမှာ အလန့်တကြားအမူအယာတွေဖြစ်နေကြလေသည်။ သူတို့ ယင်ဟန့်ကိုတစ်လှည့် ဆိုဖာပေါ်မှာကွန်ပျူတာသုံးနေတဲ့ ယင်ကျင်းရဲ့ကိုတစ်လှည့် ကြည့်နေကြ၏။  နှစ်ယောက်စလုံးက တစ်ပုံစံတည်းတူကြပေမဲ့လည်း ယင်ဟန့်ရဲ့မျက်လုံးထဲက ခက်ထန်မှု လေးနက်မှု တည်ငြိမ်မှုနဲ့ အေးစက်မှုတွေက ယင်ကျင်းရဲ့ထက်ပို၏။ ဒါက နှစ်ပေါင်းများစွာအတွင်း တဖြေးဖြေးဖြစ်တည်လာခဲ့တဲ့အရှိန်အဝါဖြစ်ကာ ဘယ်သူမှ လိုက်မတုနိုင်ပေ။

"အဘိုး..."

ယင်ကျင်းရဲ့မှာ တအံ့တသြနဲ့မတ်တပ်ထရပ်မိလိုက်၏။

ရုန်ယိ သူ့ကိုအသံပို့ကာ ပြောလိုက်သည်။

"မလိုတာတွေဘာမှမပြောနဲ့နော်"

တံခါးကနေတောင်မထွက်ရသေးခင် ယင်ဟန့်ပြန်နောက်ဆုတ်သွားမှာမျိုး သူမဖြစ်စေချင်။

"..."

ယင်ကျင်းရဲ့က ချောင်းအသာဟန့်လိုက်ကာ ပြောလိုက်သည်။

"အပြင်သွားကြမလို့လား"

ရုန်ယိ ပြုံးလျက်ပြန်ပြောလိုက်သည်။

"ဒီနေ့ ကျွန်တော်တို့ သွားဒိတ်ကြမလို့"

ယင်ကျင်းရဲ့ 'မင်းတို့တွေ နေ့တိုင်းဒိတ်နေတာဘဲမလား' ဟု တစ်ကယ့်ကိုပြောလိုက်ချင်သည်။ နေ့တိုင်း နှစ်ယောက်သား လက်ချင်းတွဲကာထွက်သွားပြီး အတူတကွပြန်လာကြသည်။ အရူးတောင်မှ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက မတူတာကိုတွေ့နိုင်၏။ ရုန်ယိပေါ်လာတည်းက သူ့ရဲ့ပုံမှန်မျက်နှာသေနဲ့နေတတ်တဲ့ အဘိုးက ပိုပြီးပြုံးလာတတ်သည်။ သူရုန်ယိနဲ့အတူရှိနေတာ ပျော်နေမှန်းမြင်နေရ၏။

"အချိန်ကောင်းလေးဖြစ်ပါစေ"

ထို့နောက် သူတို့တွေ မြို့ထဲမောင်းသွားကာ မနက်စာစားဖို့ မိန်းကလေးတွေ အထူးသဖြင့်လာတတ်တဲ့နေရာကိုသွားလိုက်သည်။

မိန်းကလေးတွေမှာလည်း ချောမောတဲ့ယောက်ျားလေးနှစ်ယောက် လက်ချင်းတွဲထားတာမြင်တာနဲ့ စိတ်လှုပ်ရှားစွာ ကြိတ်ပြီးဆွေးနွေးကြတော့သည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now