*272* သူကငါချစ်ရတဲ့လူ

3K 461 25
                                    

ဂေါ့ဖ်တစ်ပွဲကစားပြီးနောက် ရုန်ယိနဲ့ယင်ဟန့်တို့ နေ့လည်စာစားဖို့ရန်အတွက် စားသောက်ဆိုင်သို့သွားကြသည်။ ထိုနေရာ၌ ရုန်ယိ သူနဲ့ group ထဲမှာစကားပြောခဲ့တဲ့ သူငယ်ချင်းအချို့နဲ့တွေ့လိုက်ရသည်။

ရုန်ယိ အံသြစွာမေးလိုက်သည်။

"မင်းတို့တွေ မြို့တော်မှာ ဘာလာလုပ်ကြတာလဲ"

"ငါကအဖိတ်ခံရလို့"

ကျူးလိယွမ်က ပြောလာသည်။

တစ်ခြားသူငယ်ချင်းတွေအကုန်လုံးကပါ ထိုကဲ့သို့ဆိုလာကြသည်။

"ငါရောဘဲ"

ကျူးလိယွမ်က အံသြတကြီးပြန်မေးလိုက်၏။

"မင်းတို့တွေလည်း အဖိတ်ခံရတာလား"

ရုန်ယိမှာ ပိုလို့တောင်နားမလည်နိုင်တော့။

"မင်းတို့တွေ အတူလာကြတာမဟုတ်ဘူးလား"

"မဟုတ်ပါဘူးကွာ... ဒီစားသောက်ဆိုင်ရောက်မှ ငါတို့အချင်းချင်း တွေ့ကြတာ.. ငါက ဒီကောင်တွေ ချိန်းပြီးလာကြတယ်ထင်နေတာ"

"မင်းတို့ကို ဘယ်သူကလာဖို့ဖိတ်တာလဲ"

ရုန်ယိသူငယ်ချင်းတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် ခေါင်းခါလာကြလေသည်။

"ငါတို့ကိုဖိတ်တဲ့ ဖိတ်စာပေါ်မှာ ဘာနာမည်မှမပါဘူး"

"ဒါကိုတောင် မင်းတို့လာရဲတယ်ပေါ့လေ.. မကောင်းတဲ့လူတွေဖြစ်နေမှာ မကြောက်ကြဘူးလား"

ရုန်ယိရဲ့သူငယ်ချင်းထဲက ကျိုးရှုကျွင်းဆိုသူက ပြောလာသည်။

"ငါမလာခင် ဝမ်ချွင်ကိုဖုန်းခေါ်လိုက်သေးတယ်ကွ.. သူကလည်း သူပါလာမှာပြောလို့လေ.. ဒါနဲ့ ငါလည်းလာခဲ့လိုက်တာ"

"ငါတို့ရောဘဲ"

ကျူးလိယွမ်က သူတို့ကိုပြောလိုက်သည်။

"ငါက မင်းတို့ကောင်တွေ ဖိတ်တာထင်နေတာ"

အကုန်လုံး -"မဟုတ်ဘူး.. ငါတို့မဟုတ်ဘူး"

ကျိုးရှုကျွင်း - "ထားလိုက်စမ်းပါ.. ငါတို့အကုန်လုံးကို ဘယ်သူဘဲဖိတ်ဖိတ်ပေါ့... အခု တွေ့နေကြပြီဘဲဟာ ထိုင်ပြီး တူတူစားသောက်ကြရအောင်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now