ပိုင်ရှင်းဖေး ယင်ဟော့ယောင်ရဲ့ချက်ကောင်းကို အားနဲ့တက်နင်းကာ ပြောလိုက်၏။
"ခင်ဗျားကြောင့်သာမဟုတ်ရင် ငါကျစ်ယောင်နဲ့ ပြန်ဆုံတာကြာလှပြီ"
"အု!..."
နာကျင်မှုက ယင်ဟော့ယောင်ကိုသေချင်စော်နံသွားစေသည်။ သူ ပြီးခဲ့တဲ့နှစ်တစ်သောင်းအတောအတွင်း ဘယ်လိုနာကျင်မှုကိုမှမခံစားရခဲ့ရသလို ဘယ်သူ့ဆီကမှလည်းနှိပ်စက်မခံခဲ့ရ။ယောင်အာနဲ့ကျန်းမုတို့က သူ့မျက်နှာကိုရိုက်နှက်လိုက်သည်။
"ဒါက ထောင်ကောနဲ့စန်စန်ကောတို့အတွက်"သူတို့ရဲ့အားကကြီးလွန်းတာကြောင့် ယင်ဟော့ယောင်ခံနိုင်ရည်မရှိ။ ပါးစပ်အပြည့်သွေးတစ်ပွက်အန်သွားပြီးနောက် အသက်ရှူရပ်သွားကာ သူ့ဝိညာဥ်ခန္ဓာကိုယ်ထဲကလွင့်ထွက်သွားတော့သည်။
ဘုန်း!!
ကောင်းကင်ထက်မှ မိုးကြိုးတစ်စင်းကျဆင်းလာကာ သူ့ဝိညာဥ်ကိုကြေမွသွားစေလိုက်၏။ ထို့နောက် နောက်ထပ်မိုးကြိုးအနည်းငယ်ထပ်ကျဆင်းလာကာ မြေပြင်ထက်ကအလောင်းတွေကို ပြာအဖြစ်လောင်ကျွမ်းပစ်လိုက်သည်။ သူတို့အပေါ် ကောင်းကင်ဘုံရဲ့အမျက်က အကန့်အသတ်ကိုကျော်လွန်နေခဲ့တာ သိသာလှ၏။
ယင်ဟော့ယောင်ရဲ့ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ကိုတွေ့တဲ့အခါ ဆရာသခင်ဟွမ်ရှန်းက ခေါင်းခါကာ သက်ပြင်းချသည်။
"ဒီအဘိုးကြီး တစ်ခါပြောခဲ့သားဘဲ.. အကယ်၍ မင်း ကောင်းကင်ဘုံစည်းမျဥ်းတွေကနေ လွတ်မြောက်စေဖို့နည်းမျိုးစုံသုံးခဲ့ရင်တောင်မှ တစ်ခြားလူတွေရဲ့လက်စားပြန်ချေမှာကနေတော့ မလွတ်မြောက်နိုင်ဘူးလို့"
ရုန်ယိ မျက်ဝန်းတွေနီရဲနေလျက် ယင်ကျင်းရဲ့ကိုကြည့်လိုက်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ""ဟုတ်တယ်.. ပြီးဆုံးသွားပြီ"
ယင်ကျင်းရဲ့ သူ့ကိုရင်ခွင်ထဲဆွဲသွင်းကာဖက်လိုက်ရင်း တစ်ခါတည်းဘဲ သက်တံ့ရောင်ဝိညာဥ်သွေးကြောကို သူ့ဗိုက်ထဲထည့်သွင်းလိုက်သည်။ချီလန် ရေရွတ်လာ၏။
"ယင်ဟော့ယောင်က ဒီလိုမျိုးနဲ့သေသွားပြီလား.. အစစ်အမှန်လို့ မခံစားရဘူး"
YOU ARE READING
[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]
Historical FictionI Became A Virtuous Wife And Loving Mother In Another Cultivation World ##start from chapter 199 **I'm just translate this and I don't own anything**